Month: February 2026

ထားဝယ်မြို့နယ်ရှိ စစ်ကော်မရှင် တပ်စခန်းနှင့် ဂိတ်စခန်းတို့ကို တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

PSM (News) ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကော်မရှင်၏ (GTC) တပ်စခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက် ဝင်ရောက်တိုက်ခိုက် ခဲ့ရာ စစ်ကော် မရှင်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၉ ဦး သေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) က ထုတ်ပြန်သည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ…

မော်ဒယ် လုလုအောင်က ရခိုင်စစ်ဘေးရှောင် ကလေးငယ်များ နို့မှုန့်အာဟာရပြည့်၀စေရန် လှူဒါန်းမှုများ ပြုလုပ်

PSM (News) ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၆ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ နို့စို့အရွယ်ကလေးငယ်များအတွက် နို့မှုန့်အာဟာရ ထောက်ပံ့နိုင်ရန် ရည်ရွယ်၍ မော်ဒယ်လ်နှင့် သရုပ် ဆောင် လုလုအောင် မိသားစုက ငွေကျပ် သိန်း ၃၀ တိတိကို ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းမှုကို ရခိုင်ဒေသအတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် “အရွယ်စုံ…

အထူးလွှတ်တော် စတင်ခေါ်ယူ — တာကာအိချီ ဆာနာအဲကို ညပိုင်း ဝန်ကြီးချုပ် အဖြစ် ရွေးချယ်မည့် မဲခွဲ ရှိမည်

PSM (NEWS) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ ဂျပန်နိုင်ငံတွင် အောက်လွှတ်တော် ရွေးကောက်ပွဲအပြီး ဖွင့်လှစ်သည့် အမှတ် ၂၂၁ အထူးလွှတ်တော်ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ခေါ်ယူခဲ့သည်။ ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌဖြစ်သူ တာကာအိချီ ကို ယနေ့မွန်းလွဲပိုင်း အောက်လွှတ်တော်တွင် ပြုလုပ်မည့် မဲခွဲရွေးချယ်မှုအတွင်း ဂျပန်နိုင်ငံ၏ ၁၀၅ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မည်ဖြစ်ကြောင်း…

ပစိဖိတ်အရှေ့ပိုင်းနှင့် ကာရစ်ဘီယံပင်လယ်ပြင်တို့တွင် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံး

PSM(NEWS) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် (U.S. Southern Command) သည် ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနှင့် ကာရစ်ဘီယံ ပင်လယ်ပြင်တို့ရှိ ရေယာဉ်အချို့ကို တိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ရာ လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အမေရိကန် စစ်တပ်၏ ထုတ်ပြန်ချက်အရ ပထမအကြိမ် တိုက်ခိုက်မှုတွင် ၄…

Popcorn ထုပ်များအတွင်း တွားသွားသတ္တဝါများ ဝှက်ကာ ပါဆယ်ပို့ခဲ့သည့် ဆစ်ဒနီအမျိုးသားတစ်ဦး ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ

PSM NEWS ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ ဩစတြေးလျနိုင်ငံမှ ရှားပါး တွားသွားသတ္တဝါများကို Popcorn ပြောင်းဖူးပေါက်ပေါက်ထုပ်များနှင့် မုန့်သေတ္တာများအတွင်း ဝှက်ကာ ပြည်ပသို့ ပါဆယ်ပို့ရန် ကြိုးပမ်းခဲ့သည့် ဆစ်ဒနီမြို့အခြေစိုက် အမျိုးသားတစ်ဦးအား ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁၃ ရက်တွင် ချမှတ်ခဲ့သည့်…

ထိုင်ဝမ်သို့ လက်နက်ပေးပို့ရေးကိစ္စကို မကြာမီ ဆုံးဖြတ်မည်ဟု ဒေါ်နယ်ထရမ့်ပ် ပြောကြား

PSM NEWS ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ် က ထိုင်ဝမ်သို့ စစ်လက်နက်ပစ္စည်းများ ထပ်မံပေးပို့မည်၊ မပေးပို့မည်ကို မကြာမီ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ထိုသို့ ဆုံးဖြတ်ရာတွင် တရုတ်သမ္မတ၏ သတိပေးချက်များလည်း ရှိနေသည်ဟု ဆိုသည်။ “ကျွန်တော် သူနဲ့ ဒီကိစ္စကို ဆွေးနွေးနေပါတယ်။ ကောင်းမွန်တဲ့…

ဖိလစ်ပိုင် ဘုရားရှိခိုးအဖွဲ့၊ Lent အတွက် ဒစ်ဂျစ်တယ် မီဒီယာ ဖြတ်တောက်ခြင်း (Digital Media Fasting) ခေါ်ဆို

PSM(NEWS) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ ဖိလစ်ပိုင်ကက်သလစ်ဘုရားရှိခိုးအဖွဲ့ (CBCP) သည် ဆုတောင်းစိတ်သန့်စင်ခြင်း ( Lent ) ကာလ အတွင်း ဖုန်း၊ ဆိုရှယ်မီဒီယာနှင့် အွန်လိုင်း ဗီဒီယို/ဂိမ်းများကို စနစ်တကျ ဖြတ်တောက်ပြီး ဆုတောင်းခြင်းနှင့် စိတ်သန့်စင်ခြင်း ပြုလုပ်ရန် ခေါ်ဆိုထားသည်။ Lent ကာလသည် ဖေဖော်ဝါရီ ၁၈ ရက်က စတင်ပြီး ရက်…

ဖိလစ်ပိုင်နိုင်ငံ၏ ရေပိုင်နက်အတွင်း မဟာမိတ် ရေတပ်များ ပူးတွဲလေ့ကျင့်မှု ပြီးဆုံး

PSM(NEWS) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ ဖိလစ်ပိုင်၊ အမေရိကန် နှင့် ဩစတြေးလျနိုင်ငံ တို့၏ ပူးတွဲရေတပ်နှင့် လေတပ်များသည် ဖိလစ်ပိုင်နိုင်ငံ၏ ရေပိုင်နက်သီးသန့်စီးပွားရေးဇုံ (Exclusive Economic Zone – EEZ) အတွင်း နှစ်ရက်ကြာ ကျင်းပခဲ့သော ၃ နိုင်ငံ ဘက်စုံပူးတွဲရေကြောင်းလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၁၆ ရက်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။…

ဖားဆောင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး ဗျူဟာကျသည့် သံလွင်မြစ်ကူးတံတား မိုင်းခွဲခံရ၍ ပျက်စီး၊ တော်လှန်ရေးအဖွဲ့များက လုပ်ဆောင်ခြင်းဖြစ်ဟု စစ်ကော်မရှင်စွပ်စွဲ

PSM (News) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေစဉ်အတွင်း ဗျူဟာကျသော သံလွင်မြစ်ကူးတံတား (ဖားဆောင်းတံတား) မိုင်းခွဲခံရသဖြင့် ကျိုးကျပျက်စီးသွားကြောင်း သိရသည်။ ဖားဆောင်း-မယ်စဲ့ လမ်းမကြီးပေါ်ရှိ အဆိုပါတံတားကို ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် မိုင်းခွဲခံခဲ့ရခြင်းဖြစ်ပြီး စစ်ကော်မရှင်ဘက်ကမူ ၎င်းတို့၏ စစ်ကြောင်းများ…