PSM (NEWS) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ ဂျပန်နိုင်ငံတွင် အောက်လွှတ်တော် ရွေးကောက်ပွဲအပြီး ဖွင့်လှစ်သည့် အမှတ် ၂၂၁ အထူးလွှတ်တော်ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ခေါ်ယူခဲ့သည်။ ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌဖြစ်သူ တာကာအိချီ ကို ယနေ့မွန်းလွဲပိုင်း အောက်လွှတ်တော်တွင် ပြုလုပ်မည့် မဲခွဲရွေးချယ်မှုအတွင်း ဂျပန်နိုင်ငံ၏ ၁၀၅ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ် ရွေးချယ်ခံရပြီးနောက် ဘုရင်နန်းတော်၌ ခန့်အပ်ရေး အခမ်းအနားများ ပြုလုပ်မည်ဖြစ်ကာ၊ ဂျပန် ပြုပြင်ပြောင်းလဲရေးပါတီ နှင့် ပူးပေါင်းဖွဲ့စည်းသည့် ဒုတိယအကြိမ် အစိုးရအဖွဲ့ကို ယနေ့ညတွင် တရားဝင် စတင်ဖွဲ့စည်းမည်ဖြစ်သည်။ အစိုးရအဖွဲ့ဝင်များကို ယခင်ရာထူးများအတိုင်း ဆက်လက်ခန့်အပ်မည်ဟု သိရသည်။ ယခုရွေးကောက်ပွဲတွင် LDP ပါတီသည် ထိုင်ခုံ ၃၁၆ နေရာ ရရှိခဲ့ပြီး၊ ဂျပန် ပြုပြင်ပြောင်းလဲရေးပါတီ (Nippon Ishin no Kai) ၏ ၃၆ နေရာနှင့် ပေါင်းစည်းကာ အစိုးရဘက်တွင် စုစုပေါင်း ၃၅၂ နေရာ ရရှိခဲ့သည်။ ထို့ကြောင့် အောက်လွှတ်တော်အတွင်း အင်အားကြီးမားသည့် အစိုးရညွန့်ပေါင်းအဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ အစိုးရဘက်အနေဖြင့် ရွေးကောက်ပွဲကြောင့် ဆွေးနွေးမှု နောက်ကျခဲ့သည့် ၂၀၂၆ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်မူကြမ်းကို အမြန်ဆုံး အတည်ပြုနိုင်ရန် ကြိုးပမ်းသွားမည်ဟု ခန့်မှန်းရသည်။ ထို့အပြင် ရွေးကောက်ပွဲကာလအတွင်း ကတိပြုထားသည့် ဘဏ္ဍာရေးမူဝါဒများ၊ အစားအသောက်ကုန်ပစ္စည်းများအပေါ် စားသုံးခွန်ကို ယာယီလျှော့ချရေး စီမံချက်များနှင့် သတင်းအချက်အလက် စနစ်များ တိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ချက်များကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ပထမအကြိမ် အစိုးရအဖွဲ့သည် ယနေ့မနက်ပိုင်းတွင် စုပေါင်း နုတ်ထွက်ခဲ့ကြကြောင်းလည်း သိရသည်။ ကိုးကား – Jiji Press #ဂျပန်ဝန်ကြီးချုပ် #တာကာအိချီဆာနာအဲ #LDP #အထူးလွှတ်တော် #PSM_News Newly-elected leader of Japan’s Liberal Democratic Party (LDP) Sanae Takaichi celebrates after winning the LDP leadership election in Tokyo, Japan, Saturday, Oct. 4, 2025. (Kim Kyung-Hoon/Pool Photo via AP) Post navigation ပစိဖိတ်အရှေ့ပိုင်းနှင့် ကာရစ်ဘီယံပင်လယ်ပြင်တို့တွင် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံး လေကြောင်းဘေးကင်းလုံခြုံရေးဆိုင်ရာဥပဒေကြမ်းကိုအမေရိကန်အောက်လွှတ်တော်တွင်လာမည့်အပတ်၌ဆွေးနွေးမည်