PSM(NEWS) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် (U.S. Southern Command) သည် ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနှင့် ကာရစ်ဘီယံ ပင်လယ်ပြင်တို့ရှိ ရေယာဉ်အချို့ကို တိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ရာ လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အမေရိကန် စစ်တပ်၏ ထုတ်ပြန်ချက်အရ ပထမအကြိမ် တိုက်ခိုက်မှုတွင် ၄ ဦး၊ ဒုတိယအကြိမ်တွင် ၄ ဦးနှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်မှုတွင် ၃ ဦး အသီးသီး သေဆုံးခဲ့ခြင်း ဖြစ်သည်။ “အဆိုပါ ရေယာဉ်တွေဟာ လူသိများတဲ့ မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်းတွေအတိုင်း သွားလာနေပြီး မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာကို ထောက်လှမ်းရေး သတင်းတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ဆောက်သ်ကွန်း (SOUTHCOM) က X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ကိုးကား Reuters #မူးယစ်ဆေးဝါးမှောင်ခို #တိုက်ခိုက်မှု #ကာရစ်ဘီယံပင်လယ်ပြင် #အမေရိကန် #လူ_၁၁_ဦး_သေဆုံး Post navigation Popcorn ထုပ်များအတွင်း တွားသွားသတ္တဝါများ ဝှက်ကာ ပါဆယ်ပို့ခဲ့သည့် ဆစ်ဒနီအမျိုးသားတစ်ဦး ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ အထူးလွှတ်တော် စတင်ခေါ်ယူ — တာကာအိချီ ဆာနာအဲကို ညပိုင်း ဝန်ကြီးချုပ် အဖြစ် ရွေးချယ်မည့် မဲခွဲ ရှိမည်