PSM (News) ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၆ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ နို့စို့အရွယ်ကလေးငယ်များအတွက် နို့မှုန့်အာဟာရ ထောက်ပံ့နိုင်ရန် ရည်ရွယ်၍ မော်ဒယ်လ်နှင့် သရုပ် ဆောင် လုလုအောင် မိသားစုက ငွေကျပ် သိန်း ၃၀ တိတိကို ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းမှုကို ရခိုင်ဒေသအတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် “အရွယ်စုံ Arakanese Ladies” အဖွဲ့မှတစ်ဆင့် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်စခန်းများရှိ မွေးစမှ ခြောက်လအောက် ကလေးငယ်များ၏ အာဟာရ ပြည့်ဝစေရေးအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ ပရိသတ်များက ချစ်စနိုးဖြင့် ခေကြီးလု ဟု ခေါ်ဆိုလေ့ရှိသည့် လုလုအောင် သည် အနုပညာ လုပ်ငန်းများ အပြင် လူမှုကူညီရေး လုပ်ငန်းများတွင်လည်း စဉ်ဆက်မပြတ် ပါဝင်လေ့ရှိသူဖြစ်ပြီး ယခုလှူဒါန်းမှုသည် “အရွယ်စုံ Arakanese Ladies” အဖွဲ့၏ အလှူအမှတ်စဉ် (၃၃၀) အဖြစ် မှတ်တမ်းတင်ခြင်း ခံထားရသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ် ရေးခက်ခဲမှုများကြောင့် စစ်ဘေးရှောင်စခန်းရှိ ကလေးငယ်များအတွက် အခြေ ခံအာဟာရနှင့် နို့မှုန့်များ ပြတ်လပ်မှုနှင့် ရင်ဆိုင် နေရချိန်တွင် ယခုကဲ့သို့ လှူဒါန်းမှုများ ရရှိခဲ့ခြင်း ဖြစ်သည်။ #လုလုအောင် #ရခိုင်စစ်ဘေးရှောင် #နို့မှုန့်လှူဒါန်းမှု #ArakaneseLadies #LuLuAung #PSM_News Post navigation ဖားဆောင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး ဗျူဟာကျသည့် သံလွင်မြစ်ကူးတံတား မိုင်းခွဲခံရ၍ ပျက်စီး၊ တော်လှန်ရေးအဖွဲ့များက လုပ်ဆောင်ခြင်းဖြစ်ဟု စစ်ကော်မရှင်စွပ်စွဲ ထားဝယ်မြို့နယ်ရှိ စစ်ကော်မရှင် တပ်စခန်းနှင့် ဂိတ်စခန်းတို့ကို တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ