PSM (NEWS) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ ပြီးခဲ့သည့်နှစ်အတွင်း အမ္မဒါဘတ်မြို့ တွင် ဖြစ်ပွားခဲ့သော Air India လေယာဉ်ပျက်ကျမှု သည် လူထုအကြား ဗြိတိန်နှင့် အိန္ဒိယနိုင်ငံများစွာတွင် စိုးရိမ်မှု ဖြစ်စေခဲ့သည်။ အဲအိန္ဒိယ လေကြောင်းလိုင်း Air India က သေဆုံးသူများ၏ မိသားစုများအား အပိုဆောင်းလျော်ကြေး 8,000 ပေါင် (ရူပီး 1 သန်းခန့်) ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်။ သို့သော် အဆိုပါငွေကို လက်ခံပါက နောင်တွင် လေကြောင်းလိုင်းနှင့် ဘိုးရင်းကုမ္ပဏီတို့ကို မည်သည့်တရားရုံး၌မဆို တရားစွဲဆိုခွင့်ကို အပြီးတိုင် စွန့်လွှတ်ရမည် ဟု စည်းမျဉ်း ထုတ်ပြန်ထားသည်။ မိသားစုဝင်များအနေဖြင့် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အနာဂတ်တွင် ထပ်မံတရားစွဲဆိုခွင့် သို့မဟုတ် နစ်နာကြေး တောင်းခံခွင့်အားလုံးကို စွန့်လွှတ်ရမည် ဟူသော စာချုပ်ကို လက်မှတ်ရေးထိုးရမည်ဖြစ်သည်။ သို့သော် စုံစမ်းစစ်ဆေးမှုများ မပြီးဆုံးသေးသည့်အခြေအနေတွင် အမှားအယွင်းကြောင့်ဖြစ်ပေါ်မှု ကို မည်သူတစ်ဦးမဟုတ်သိရသေးဘဲ အခွင့်အရေးများကို စွန့်လွှတ်ခိုင်းခြင်းသည် မတရားကြောင်း သေဆုံးသူများဘက်မှ ရှေ့နေများက ဝေဖန်ထား ကြသည်။ လေယာဉ်ပျက်ကျမှုတွင် ဗြိတိန်နိုင်ငံသား ၅၃ ဦး ပါဝင်ခဲ့သဖြင့် လန်ဒန်တရားရုံးချုပ်တွင် အမှုဖွင့်ထားပြီး၊ ဘိုးရင်းကုမ္ပဏီကိုလည်း အမေရိကန်တရားရုံးတွင် တရားစွဲထားသည်။ သေဆုံးသူ ၂၀၀ ကျော် ပါဝင်ခဲ့သော ထိုမတော်တဆမှုကို စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ဖြစ်နိုင်ကြောင်း ယူဆချက်များ ထွက်ပေါ်နေဆဲ ဖြစ်သည်။ Post navigation NATO၏အာတိတ်စောင့်ကြည့်ရေးမစ်ရှင်တွင် ဗြိတိန်ကအဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဟု ကာကွယ်ရေးဝန်ကြီး ပြောကြား ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာရှိ စာသင်ကျောင်းနှင့် နေအိမ်တစ်လုံးတွင် ပစ်ခတ်မှုဖြစ်ပွား၊ သေနတ်သမားအပါအဝင် ၁၀ ဦး သေဆုံး