Latest Post

ဂျပန်နိုင်ငံ ဖူကူယိုနာလေဆိပ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ ထိုင်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ ပြင်သစ်နိုင်ငံ ဘော်ဒိုးမြို့အနီးတွင် ဖြစ်ပွားနေသော တောမီးလောင်ကျွမ်းမှုများကို မီးသတ်သမားများ ငြှိမ်းသတ်နေ တယ်အဗစ်မြို့တွင် အစ္စရေး အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုကို ဆန့်ကျင်ဆန္ဒပြသူများကို အစ္စရေးရဲတပ်ဖွဲ့ ဖမ်းဆီး တရုတ်နိုင်ငံတောင်ပိုင်းတွင် နောင် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ဝင်ရောက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ချောက်မြို့နယ်ရှိ ပုဂံခေတ်ပြိုင် ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ ပခန်းငယ်ကျေးရွာကို စစ်အုပ်စု တပ် မီးရှို့ဖျက်ဆီး

လှိုင်သာယာတွင် ဆိုင်ကယ်နှင့် ဖုန်းခိုးယူထွက်ပြေးသူ ဓာတ်တိုင်ဝင်တိုက်မိ၍ သေဆုံး

PSM(News)ရန်ကုန်၊ မတ် ၂၃ ၊ ၂၀၂၆ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းကို ခိုးယူထွက်ပြေးသည့် အမျိုးသား တစ်ဦးသည် လမ်းဘေးဓာတ်တိုင်ကို အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသော အဆိုပါ အမျိုးသားသည် ယမန်နေ့ မတ်လ ၂၂ ရက် ညပိုင်းက လှိုင်သာယာ (၁) ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ…

စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်းမှ ရဲဘော်တစ်ဦး တပ်ဖွဲ့ခွင့်ပြုချက်မရှိဘဲ စစ်ကော်မရှင်ထံ ကူးပြောင်း သွားသဖြင့် တော်လှန်ရေးအဖွဲ့များ သတိပြုရန် ထုတ်ပြန်

PSM(Nws)မတ် ၂၃၊ ၂၀၂၆ စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်း၊ Knight Commanders PDF တွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်တစ်ဦးသည် တပ်ဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ထွက်ပြေးသွားပြီး စစ်ကော်မရှင်ထံသို့ ကူးပြောင်း သွားကြောင်း သိရှိရသဖြင့် တော်လှန်ရေးရဲဘော်များ အထူးသတိပြုကြရန် အသိပေးထားသည်။ စစ်ကော်မရှင်ထံသို့ ကူးပြောင်းသွားသည့် အသက် ၂၃ နှစ်အရွယ် စွမ်းသီဟဇော် (ခ)…

ရွှေဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအား ကျွန်ပြုခိုင်းစေပြီး လူ့အခွင့်အရေး ချိုးဖောက်နေ

PSM(News)မတ် ၂၃၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူများသည် အကျဉ်းထောင် ဝန်ထမ်းများ၏ ကျွန်ပြုခိုင်းစေမှု၊ ဖိနှိပ်မှုနှင့် အာဏာအလွဲသုံးစားလုပ်မှုများကို စဉ်ဆက်မပြတ် ကြုံတွေ့နေရကြောင်း နိုင်ငံ ရေးအကျဉ်းသူများအဖွဲ့ (WOPP) က ယနေ့ မတ် ၂၃ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါ အကျဉ်းထောင်အတွင်းရှိ ဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသူများကို ၎င်းတို့၏ ကလေးများအား ထိန်းခိုင်းခြင်းနှင့် အဝတ်အစားများ…

အရှေ့အလယ်ပိုင်းစစ်ပွဲ ပြင်းထန်လာမှုကြောင့် တနင်္လာနေ့တွင် ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်

PSM(NEWS)မတ်၂၃ ၊ ၂၀၂၆ အမေရိကန်နှင့် အီရန်တို့အကြား စွမ်းအင်အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဆိုသော ခြိမ်းခြောက်မှုများကြောင့် တနင်္လာနေ့တွင် ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်ရန် ရှိနေကြောင်း သုံးသပ်သူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့က ရေနံဈေးနှုန်းသည် လေးနှစ်အတွင်း အမြင့်ဆုံးအဆင့်ဖြင့် ဈေးပိတ်ခဲ့ပြီးဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် သည် ဟော်မုဇ်ရေလက်ကြားကို ၄၈နာရီအတွင်း အပြည့်အဝ ပြန်မဖွင့်ပါက အီရန်၏…

စွမ်းအင်နှင့် ရေချိုထုတ်လုပ်မှု အဆောက်အအုံများကို တိုက်ခိုက်မည်ဟု ဒေါ်နယ် ထရန့်နှင့် အီရန်တို့ ခြိမ်းခြောက်၊ ပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်

PSN(NEWS)မတ် ၂၃၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် နှင့် အီရန်နိုင်ငံတို့သည် ပင်လယ်ကွေ့ဒေသရှိ စွမ်းအင်နှင့် ပင်လယ်ရေချိုထုတ်စက်ရုံများကို တိုက်ခိုက်မည်ဟု အပြန်အလှန် ခြိမ်းခြောက်လျက်ရှိရာ၊ ယင်းအခြေအနေသည် ဒေသတွင်း ပဋိပက္ခကို ပိုမိုကျယ်ပြန့်စေပြီး ကမ္ဘာ့ဈေးကွက်အပေါ် စိုးရိမ်မှုများ တိုးပွားစေလျက်ရှိသည်။ တနင်္ဂနွေနေ့ နံနက်အစောပိုင်းမှစတင်ကာ အစ္စရေးနိုင်ငံတစ်ဝန်းတွင် လေကြောင်းရန်သတိပေးဥသြသံများ ထွက်ပေါ်ခဲ့ပြီး၊ အီရန်မှ ပစ်ခတ်လိုက်သော ဒုံးကျည်များ ကျရောက်နိုင်သည့်အန္တရာယ်ကို…

ချက်ဝန်ကြီးချုပ် ဘာဘစ်ရှ်၏ အစိုးရသစ်ကို ဆန့်ကျင်ရန် ပရာ့ဂ်မြို့တွင် လူသောင်းနှင့်ချီ၍ ဆန္ဒပြ

PSM(NEWS)မတ် ၂၃၊ ၂၀၂၆ လူကြိုက်များရေးဝါဒီ ဝန်ကြီးချုပ် အန်ဒရေးဘာဘစ်ရှ် ဦးဆောင်သော ချက်အစိုးရသစ်၏ မူဝါဒများနှင့် အစီအစဉ်များကို ဆန့်ကျင်သည့်အနေဖြင့် စနေနေ့တွင် ပရာ့ဂ်မြို့၌ လူသောင်းနှင့်ချီ၍ဆန္ဒပြခဲ့ကြသည်။ ချက်သမ္မတနိုင်ငံတစ်ဝှမ်းမှ လာရောက်ကြသူများသည် ၁၉၈၉ ခုနှစ် ကွန်မြူနစ်စနစ် ပြိုလဲစေရန် အဓိကတွန်းအားပေးခဲ့သည့် လက်တ်နာပန်းခြံတွင် ငြိမ်းချမ်းစွာ စုဝေးခဲ့ကြခြင်းဖြစ်သည်။ ဘီလီယံနာတစ်ဦးဖြစ်သူ ဘာဘစ်ရှ်နှင့် ၎င်း၏ ညွန့်ပေါင်းအစိုးရအဖွဲ့သည် ဒီမိုကရေစီကို ခြိမ်းခြောက်နေပြီး…

ကမ်းခြေသို့ မျောပါလာသည့် ရုရှားစွမ်းအင်တင် သင်္ဘောကို ကိုင်တွယ်ဖြေရှင်းရန် လစ်ဗျားအစိုးရမှ ကုမ္ပဏီတစ်ခုကို ငှားရမ်း

PSM(NEWS)မတ် ၂၂ ၊ ၂၀၂၆ ပြီးခဲ့သည့်လ အစောပိုင်းက ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် သင်္ဘောသားများမပါဘဲ အလိုအလျောက် မျောပါနေသည့် ရုရှားနိုင်ငံပိုင် သဘာဝဓာတ်ငွေ့ရည်(LNG) တင် သင်္ဘောတစ်စင်းသည် လစ်ဗျားကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနေသဖြင့် ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် ကျွမ်းကျင်ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုလိုက်ကြောင်း လစ်ဗျားအမျိုးသား ရေနံကော်ပိုရေးရှင်း (NOC) က စနေနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ Arctic Metagaz…

အမေရိကန်၏ ခြိမ်းခြောက်မှုများ ရှိနေသော်လည်း ရန်သူနှင့်ဆက်နွှယ်မှု မရှိသည့် သင်္ဘောများအတွက် ဟော်မုဇ်ရေလက်ကြား ဖွင့်လှစ်ထားကြောင်း အီရန် ပြောကြား

PSM(NEWS) မတ် ၂၂ ၊ ၂၀၂၆ ဟော်မုဇ်ရေလက်ကြားသည် “အီရန်၏ ရန်သူများ” နှင့် ဆက်နွှယ်နေသည့် သင်္ဘောများမှလွဲ၍ ကျန်သင်္ဘောများအားလုံး ဖြတ်သန်းသွားလာနိုင်ရန် ဆက်လက် ဖွင့်လှစ်ထားကြောင်း ကုလသမဂ္ဂ ရေကြောင်းအေဂျင်စီဆိုင်ရာ အီရန်ကိုယ်စားလှယ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ ပြောကြားချက်သည် ၄၈ နာရီအတွင်း ရေလမ်းကြောင်းကို “အပြည့်အဝ မဖွင့်လှစ်ပါက” အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ပစ်မှတ်ထားမည်ဟု…

ဗြိတိန်၏ နျူကလီးယား ရေငုပ်သင်္ဘောအခြေစိုက်စခန်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းသူ အီရန်အမျိုးသားနှင့် ရိုမေးနီးယားအမျိုးသမီးတို့အား တရားစွဲဆို

PSM(NEWS) မတ်၂၂ ၊ ၂၀၂၆ စကော့တလန်ရှိ ဗြိတိန်၏ နျူကလီးယား ရေငုပ်သင်္ဘောအခြေစိုက်စခန်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် အီရန်အမျိုးသားတစ်ဦးနှင့် ရိုမေးနီးယားအမျိုးသမီးတစ်ဦးတို့ကို တရားစွဲဆိုလိုက်ကြောင်း စကော့တလန်ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ အမျိုးသားနှင့် အမျိုးသမီးကို ကြာသပတေးနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဗြိတိန်မီဒီယာများကမူ ၎င်းတို့နှစ်ဦးကို အီရန်သူလျှိုများဖြစ်နိုင်ကြောင်း သံသယရှိနေကြသည်။ ယခုကဲ့သို့ တရားစွဲဆိုမှုသည် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲစတင်ခဲ့ပြီး…