PSM (NEWS)

မေ ၇၊ ၂၀၂၆

အမေရိကန်နိုင်ငံဘက်မှ အခွန်ကောက်ခံမှုအသစ်များ ပြုလုပ်လာနိုင်ခြေရှိသည့်အတွက် ဗီယက်နမ်အစိုးရသည် ကြာသပတေးနေ့မှစတင်၍ အွန်လိုင်း မူပိုင်ခွင့် ချိုးဖောက်မှုများနှင့် အတုအပ ပစ္စည်းများ တိုက်ဖျက်ရေး အစီအစဉ်အသစ်တစ်ရပ်ကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ အစီအစဉ်သည် စစ်ဆေးဖော်ထုတ်မှုနှုန်းကို (၂၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်ရွယ်ထားသည်။

အမေရိကန်၏ ယခုကဲ့သို့ ခြိမ်းခြောက်ရခြင်းမှာ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် ဗီယက်နမ်အနေဖြင့် ဉာဏပစ္စည်းမူပိုင်ခွင့် ချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် “စဉ်ဆက်မပြတ် ပျက်ကွက်မှုများ” ရှိနေခြင်းကြောင့်ဖြစ်ပြီး၊ ယခုနှစ်အတွင်း အမေရိကန်၏ ကုန်သွယ်မှုပိုငွေသည် တရုတ်နိုင်ငံထက်ပင် ကျော်လွန်များပြားနေကြောင်း အမေရိကန်၏ အချက်အလက်များအရ သိရသည်။

ဗီယက်နမ်ဝန်ကြီးချုပ် လီမင်ဟွမ်က ဉာဏပစ္စည်း မူပိုင်ခွင့်၊ ကွန်ပျူတာ ပရိုဂရမ်များ၊ ရုပ်ရှင်များ၊ ဂီတ၊ တီဗွီရှိုးများ၊ အွန်လိုင်း ဗီဒီယိုဂိမ်းများနှင့် ပြည်တွင်း၌ ရောင်းချသည့် အတုအပ ပစ္စည်းများအပေါ် ချိုးဖောက်မှုများကို (၂၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ဖော်ထုတ်ရန် မေလကုန်အထိ နောက်ဆုံးသတ်မှတ်ရက် သတ်မှတ်ခဲ့သည်။

ထရမ့်အစိုးရအဖွဲ့သည် ဗီယက်နမ်အား ဉာဏပစ္စည်း မူပိုင်ခွင့် ချိုးဖောက်မှုတွင် ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံအဖြစ် သတ်မှတ်ခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့က အစီရင်ခံစာတွင် “ဦးစားပေး နိုင်ငံခြားတိုင်းပြည်” အဖြစ် သတ်မှတ်ခဲ့သည်။ ဗီယက်နမ်ဘက်ကမူ ဉာဏပစ္စည်း မူပိုင်ခွင့်ကို ကာကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း ပြောကြားခဲ့ပြီး မျှတသော အကဲဖြတ်မှု ပြုလုပ်ပေးရန် တောင်းဆိုထားသည်။

ကိုးကား-Reuters

By Htet Ko

You missed