PSM(NEWS)

မေ ၆၊ ၂၀၂၆

အီရန်နိုင်ငံ၏ မြို့တော် တီဟရန်အနီးရှိ ဈေးဝယ်စင်တာတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ (၈) ဦး သေဆုံးပြီး (၄၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တီဟရန်၏ အရေးပေါ်ဝန်ဆောင်မှုဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှုသည် အင်္ဂါနေ့က တီဟရန်ပြည်နယ်၊ အန်ဒီရှေး မြို့ရှိ အာဂါဗန်ဈေးဝယ်စင်တာတွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီးလောင်ရသည့် အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးဘဲ အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံလိုင်း IRIB က ဖော်ပြခဲ့သည်။

ရုပ်သံမှတ်တမ်းများတွင် မီးသတ်သမားများက အထပ်မြင့် အဆောက်အအုံကြီးမှ မည်းမှောင်နေသော မီးခိုးလုံးကြီးများ အူထွက်နေစဉ် မီးကို ငြှိမ်းသတ်နေသည်ကို တွေ့မြင်ခဲ့ရသည်။

အမေရိကန်ပြည်ထောင်စုနှင့် သုံးပတ်ခန့် ကြာမြင့်ပြီဖြစ်သော မတည်မငြိမ် အပစ်အခတ်ရပ်စဲရေး တည်ရှိနေသည့် စစ်ပွဲနှင့် အဆိုပါ မီးလောင်မှု ဆက်နွှယ်နေခြင်း ရှိမရှိကို အရိပ်အယောင်တစ်စုံတစ်ရာ မတွေ့ရှိရသေးပေ။

ကိုးကား-AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *