PSM(NEWS)

မေ ၇ ၊၂၀၂၆

တရုတ်နိုင်ငံသည် ဗုဒ္ဓဟူးနေ့တွင် အက်စဝါတီနီနိုင်ငံ၏ ခေါင်းဆောင်များသည် တိုင်ဝမ်၏ ထောက်ပံ့ကျွေးမွေးမှုကို ခံယူနေကြသည်ဟု ပြောကြားခဲ့ပြီး၊ သမ္မတ လိုင်ချင်းတေး အား ဧည့်ခံကျင်းပပေးခဲ့သည့် အာဖရိကတောင်ပိုင်းရှိ နိုင်ငံငယ်လေးကို ပြင်းထန်သည့် စကားလုံးများဖြင့် ရှုတ်ချလိုက်သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က တိုင်ဝမ် သမ္မတ လိုင်ချင်းတေး အက်စဝါတီနီနိုင်ငံသို့ သွားရောက်မှုကို “အရှက်ကွဲဖွယ်ရာနှင့် ပြဇာတ်ဆန်ဆန် ကိစ္စရပ်တစ်ခု” ဟု ဝေဖန်ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် တိုင်ဝမ်အား ၎င်း၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး အခြားနိုင်ငံများအား ၎င်း၏ အစိုးရနှင့် ဆက်ဆံခြင်း မပြုလုပ်ရန် တောင်းဆိုထားသည်။

ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ အက်စဝါတီနီ အစိုးရဘက်ကလည်း အဆိုပါ မှတ်ချက်များသည် အလွန်စိတ်မကောင်းစရာဖြစ်ပြီး၊ အက်စဝါတီနီနိုင်ငံကို ခြိမ်းခြောက်ခြင်း မပြုသင့်ဘဲ ၎င်းတို့၏ အချုပ်အခြာအာဏာဆိုင်ရာ ဆုံးဖြတ်ချက်များကို လူတိုင်းက လေးစားသင့်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *