PSM(NEWS)

မတ် ၁၇၊ ၂၀၂၆

အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာသွားလာခွင့်ကို ပြန်လည်ရရှိစေရန်နှင့် ဟော်မတ်ဇ်ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဗြိတိန်နိုင်ငံသည် ၎င်း၏ မဟာမိတ်များနှင့်အတူ စုပေါင်းအစီအစဉ်တစ်ခု ရေးဆွဲဆောင်ရွက်နေကြောင်း၊ သို့သော်လည်း ၎င်းမှာ လွယ်ကူသည့်ကိစ္စရပ်မဟုတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

“နောက်ဆုံးတွင်၊ ရေနံဈေးကွက် တည်ငြိမ်မှုရှိစေဖို့အတွက် ဟော်မတ်ဇ်ရေလက်ကြားကို ကျွန်‌တော်တို့ ပြန်ဖွင့်ရပါမယ်။ ဒါဟာ ရိုးရှင်းတဲ့ လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ပါဘူး” ဟု စတာမာက သတင်းထောက်များအား ပြောကြားခဲ့သည်။

“ဒါကြောင့်မို့လို့ ဒေသတွင်း လွတ်လပ်စွာသွားလာခွင့်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ရရှိစေဖို့နဲ့ စီးပွားရေးဆိုင်ရာ သက်ရောက်မှုတွေကို လျော့ချနိုင်ဖို့အတွက် ဥရောပမိတ်ဖက်နိုင်ငံတွေအပါအဝင် ကျွန်ုပ်တို့ရဲ့ မဟာမိတ်အားလုံးနဲ့အတူ လက်တွေ့ကျတဲ့ စုပေါင်းအစီအစဉ်တစ်ခု ရရှိအောင် ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ကိုးကား Reuters

#ပြန်လည်ဖွင့်လှစ်ရေး

#မဟာမိတ်_ပူးပေါင်း

#ဟော်မတ်ဇ်ရေလက်ကြား

#ဗြိတိန်ဝန်ကြီးချုပ်

#PSM_News

By Htet Ko