PSM(NEWS) မတ် ၁၆၊ ၂၀၂၆ ပါကစ္စတန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံ၊ ကန်ဒဟားရှိ တာလီဘန်စခန်းများနှင့် “အကြမ်းဖက်သမားများ ခိုအောင်းရာနေရာများ” ကို ညတွင်းချင်း လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန် ပြန်ကြားရေးဝန်ကြီးက တနင်္ဂနွေနေ့တွင် X လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်ကို အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က အတည်ပြုပြောကြားခဲ့သော်လည်း ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်း ပြောဆိုခဲ့သည်။ ကိုးကား Reuters #လေကြောင်း_တိုက်ခိုက် #တာလီဘန်စခန်း #ပါကစ္စတန် #ထိခိုက်သေဆုံးမှု #PSM_News Post navigation ကယ်လီဖိုးနီးယားကမ်းလွန် ရေနံလုပ်ငန်းများ ပြန်လည်စတင်ရန် အမေရိကန် စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြား အီရန်၏ ခေါင်းဆောင်သစ် လူမြင်ကွင်းသို့ ထွက်မလာခြင်းမှာ အစိုးရအတွက် ‘အရှက်ရစရာ ဖြစ်လာနေပြီ’ ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ပြောကြား