Category: international news

တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ယိုရွေးကောက်ပွဲဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၈ လ ချမှတ်ခံရပြီး ၃ နှစ် ဆိုင်းငံ့ပေး

PSM (News) ဇူလိုင် ၂၇၊၂၀၂၆ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ Central District တရားရုံးက ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ် မမှန်မကန် ပြောဆိုခဲ့မှုများအတွက် သမ္မတဟောင်း ယွန်းဆော့ယိုအား ဇူလိုင် ၂၇နေ့တွင် ထောင်ဒဏ် (၁၈) လ ချမှတ်ခဲ့သည်။ သို့သော် ထောင်ဒဏ်ကို ချက်ချင်းကျခံခိုင်းခြင်းမရှိဘဲ (၃) နှစ် ဆိုင်းငံ့ပေးခဲ့ရာ သတ်မှတ်ကာလအတွင်း…

ထိုင်းနိုင်ငံရေယောင်းခရိုင်တွင် ရဲတပ်ဖွဲ့ထံမှ ထွက်ပြေးစဉ် မူးယစ်ဆေးဝါး လွှင့်ပစ်ခဲ့သည်ဟု စွပ်စွဲခံရသူ ကမ္ဘောဒီးယားအလုပ်သမား ဖမ်းဆီးခံရ

PSM (News) ဇုလိုင် ၂၈၊၂၀၂၆ ထိုင်းနိုင်ငံရေယောင်းခရိုင်တွင် အတွင်း ရဲတပ်ဖွဲ့ဝင်များကို မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးတိမ်းရှောင်ရင်း တရားမဝင် မူးယစ်ဆေးဝါးများကို လမ်းဘေးသို့ လွှင့်ပစ်ခဲ့သည်ဟု စွပ်စွဲခံရသည့် အသက် ၂၈ နှစ်အရွယ် ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်သည် ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ကလႅင်ခရိုင်၊…

တရုတ်နိုင်ငံ ကန်စုပြည်နယ်တွင် ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားသဖြင့် စခန်းချ အနားယူနေသူ ၁၀ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိ

PSM(News) ဇူလိုင် ၂၈၊၂၀၂၆ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်၊ဝေယွမ်ခရိုင် တင်းရှီမြို့ ရွှမ်ရွှယ်မင် အပန်းဖြေဧရိယာတွင် ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ကိုယ်တိုင်ကားမောင်း ခရီးသွားလာရင်း စခန်းချ အနားယူနေကြသည့် ခရီးသွား ၁၀ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒေသစံတော်ချိန် နေ့လယ် ၁…

ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေး နှစ်ပတ်လည်နေ့တွင် သမီးဖြစ်သူနှင့်အတူ ဂါရဝပြုခဲ့သည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်

PSM (News) ဇူလိုင် ၂၇၊၂၀၂၆ မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအွန်သည် ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ၇၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စစ်ဘက်ဆိုင်ရာ အထိမ်းအမှတ်နေရာများသို့ သွားရောက်၍ ဂါရဝပြုခဲ့ကြောင်း နိုင်ငံပိုင်ကိုရီးယားဗဟိုသတင်းဌာန (KCNA) က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဤခရီးစဉ်တွင် ၎င်း၏သမီးဖြစ်သူ ကင်ဂျူအယ်ပါ ပူးတွဲပါရှိလာခဲ့ပြီး အဆိုပါ အပစ်အခတ်ရပ်စဲရေး အထိမ်းအမှတ် အခမ်းအနားသို့…

ဂျပန်နိုင်ငံ ဖူကူယိုနာလေဆိပ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ ထိုင်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

PSM (News) ဇူလိုင် ၂၇၊ ၂၀၂၆ ဂျပန်နိုင်ငံ၊ ဖူကူယိုနာလေဆိပ်တွင် အသက် ၂၈ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦး မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံခဲ့ရပြီးနောက် ၎င်း၏ မိသားစုဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အကျေအလည် စုံစမ်းစစ်ဆေးပေးကြရန် တောင်းဆိုနေကြကြောင်း သိရသည်။ အဆိုပါ အမျိုးသမီး သယ်ဆောင်လာခဲ့သည့် ကော်ဖီထုပ်အတွင်း၌ မက်သ်အဖက်တမင်း (ခေါ်) ICE မူးယစ်ဆေးဝါးများ…

ပြင်သစ်နိုင်ငံ ဘော်ဒိုးမြို့အနီးတွင် ဖြစ်ပွားနေသော တောမီးလောင်ကျွမ်းမှုများကို မီးသတ်သမားများ ငြှိမ်းသတ်နေ

PSM(News) ဇူလိုင်လ ၂၇၊၂၀၂၆ ပြင်သစ်နိုင်ငံ၊ ဘော်ဒိုးမြို့အနီးတွင် ဖြစ်ပွားနေသော တောမီးလောင်ကျွမ်းမှုများကို ထိန်းချုပ်နိုင်ရန် မီးသတ်သမားများက တနင်္ဂနွေနေ့တွင် အပြင်းအထန် ကြိုးပမ်းနေကြပြီး အာဏာပိုင်များကလည်း မြို့ပြဆင်ခြေဖုံးဒေသများမှ ဒေသခံများကို ဆက်လက် ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။ ဥရောပတိုက်အနှံ့ ပြင်းထန်သော နွေရာသီ အပူလှိုင်းဒဏ်ကို ခံစားနေရစဉ် ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွင်လည်း တောမီးများ ဖြစ်ပွားလျက်ရှိပြီး အိမ်နီးချင်း စပိန်နိုင်ငံတွင်လည်း…

တယ်အဗစ်မြို့တွင် အစ္စရေး အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုကို ဆန့်ကျင်ဆန္ဒပြသူများကို အစ္စရေးရဲတပ်ဖွဲ့ ဖမ်းဆီး

PSM (News) ဇူလိုင် ၂၇၊၂၀၂၆ အနောက်ဘက်ကမ်းဒေသရှိ အစ္စရေး အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုများကို ဆန့်ကျင်ရန် အစ္စရေးနိုင်ငံတယ်အဗစ်မြို့တွင်တနင်္ဂနွေနေ့ကပြုလုပ်ခဲ့သော ဆန္ဒပြပွဲ၌ ဆန္ဒပြသူ ၉ ဦးကို အစ္စရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း မီဒီယာများနှင့် ဆန္ဒပြပွဲကို စီစဉ်သူများက ဖော်ပြခဲ့သည်။ ကပ္ပတိန်လမ်းမပေါ်တွင် လူရာပေါင်းများစွာ စုဝေးကာ အစ္စရေး စစ်ဘက်ဆိုင်ရာ အုပ်ချုပ်မှုနှင့် အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုများကို ဆန့်ကျင်…

တရုတ်နိုင်ငံတောင်ပိုင်းတွင် နောင် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ဝင်ရောက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်

PSM (News) ဇူလိုင် ၂၇ ၊၂၀၂၆ တရုတ်နိုင်ငံတောင်ပိုင်း ဒေသအများအပြားတွင် လာမည့်နှစ်ရက်အတွင်း မိုးသည်းထန်စွာမှသည် မိုးကြီးမားစွာ ရွာသွန်းနိုင်ချေရှိကြောင်း တာဝန်ရှိသူများက သတိပေးလိုက်သည်။ နောင် တိုင်ဖွန်းမုန်တိုင်းသည် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်နှင့် အိမ်နီးချင်း ဟောင်ကောင်မြို့တို့အား ပြင်းထန်သောလေပြင်းများဖြင့် တိုက်ခတ်ပြီးနောက် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။ ယခုနှစ်အတွင်း အပြင်းထန်ဆုံးဖြစ်သည့် အဆိုပါတိုင်ဖွန်းမုန်တိုင်းကြောင့် ကွမ်တုန်းပြည်နယ်အတွင်း လူဦးရေ ၇၀၀,၀၀၀ ကျော်ကို…

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ ရှားပါးမြေရှားသတ္တုတူးဖော်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် ဆောင်ရွက်လျက်ရှိ

PSM (News) ဇူလိုင်လ ၂၆၊ ၂၀၂၆ တရုတ်နိုင်ငံက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည့် မဟာဗျူဟာမြောက် သတ္တုအရင်းအမြစ်အတွက် အခြားရွေးချယ်စရာ ထောက်ပံ့ရေးလမ်းကြောင်းများကို နယူးဒေလီက ရှာဖွေနေစဉ် အိန္ဒိယကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် ရှားပါးမြေရှားသတ္တုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံ၊ မန္တလေးမြို့တွင် ကျင်းပပြုလုပ်သည့် သတ္တုတွင်းဖိုရမ်တစ်ခု၏ အဖွင့်အမှာစကားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး…

အစ္စရေးအခြေချနေထိုင်သူများ ပါဝင်သော ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနောက်ဘက်ကမ်းဒေသရှိ ရွာတစ်ရွာတွင် အစ္စရေးတပ်ဖွဲ့များက ပါလက်စတိုင်းများကို ဖမ်းဆီးရွှေ့ပြောင်းမှုများလုပ်ဆောင်

PSM (News) ဇူလိုင်လ ၂၆၊ ၂၀၂၆ လက်နက်ကိုင် အစ္စရေးအခြေချနေထိုင်သူများက ပါလက်စတိုင်းရွာတစ်ရွာဆီသို့ ချဉ်းကပ်လာခဲ့စဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း အနည်းဆုံး ၄ ဦးနှင့် အစ္စရေးစစ်သား ၂ ဦး သေဆုံးခဲ့ရပြီးနောက် စနေနေ့တွင် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးတပ်ဖွဲ့များက ပါလက်စတိုင်း ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ကြသည်။ နာဘူလုဒ်မြို့၏အနောက်တောင်ဘက်ရှိ တားလ် ရွာအတွင်းရှိ ရွာသားများကို တိုက်ခိုက်ရန်…