PSM (News) ဇူလိုင်လ ၂၆၊ ၂၀၂၆ လက်နက်ကိုင် အစ္စရေးအခြေချနေထိုင်သူများက ပါလက်စတိုင်းရွာတစ်ရွာဆီသို့ ချဉ်းကပ်လာခဲ့စဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း အနည်းဆုံး ၄ ဦးနှင့် အစ္စရေးစစ်သား ၂ ဦး သေဆုံးခဲ့ရပြီးနောက် စနေနေ့တွင် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးတပ်ဖွဲ့များက ပါလက်စတိုင်း ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ကြသည်။ နာဘူလုဒ်မြို့၏အနောက်တောင်ဘက်ရှိ တားလ် ရွာအတွင်းရှိ ရွာသားများကို တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ကြသည့် အခြေချနေထိုင်သူများကြောင့် သောကြာနေ့က ယခုကဲ့သို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အနောက်ဘက်ကမ်းဒေသရှိ ပါလက်စတိုင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်က အစပိုင်းတွင် အဆိုပါဖြစ်ရပ်တွင် ပါဝင်ကြသည့် အစ္စရေးအရပ်သားများကို တောင်တက်ခရီးသွားများအဖြစ် ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် အချို့မှာ လက်နက်ကိုင်ဆောင်ထားကြကြောင်း ဝန်ခံခဲ့ပြီး တပ်ဖွဲ့ဝင်များ ဝင်ရောက်မစွက်ဖက်မီ နှစ်ဖက်စလုံးက ပစ်ခတ်ခဲ့ကြသည်ဟု ဆိုသည်။ ဝန်ကြီးချုပ် ဗင်ဂျမင် နေတန်ယာဟုက အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ပါလက်စတိုင်း တစ်ဦး၏ မိသားစုဝင်တစ်ဦး၏ အိမ်ကို ဖြိုဖျက်ခြင်း အပါအဝင် “စွမ်းအားပြင်းသည့် အရေးယူဆောင်ရွက်မှုများ” ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါဒေသအတွင်း အစ္စရေးအခြေချနေထိုင်ရာ အဆောက်အအုံများ တည်ဆောက်မှုကို အတည်ပြုပေးခြင်းကိုလည်း အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နေတန်ယာဟု၏ ရုံးခန်းက ပြောကြားခဲ့သည်။ ကိုးကား-Reuters Post navigation စပိန်နိုင်ငံ၊မက်ဒရစ်မြို့အပြင်ဘက်တွင် တောမီးများ ပေါင်းစပ်လောင်ကျွမ်းလျက်ရှိ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ ရှားပါးမြေရှားသတ္တုတူးဖော်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် ဆောင်ရွက်လျက်ရှိ