PSM (News)

ဇူလိုင်လ ၂၆၊ ၂၀၂၆

တရုတ်နိုင်ငံက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည့် မဟာဗျူဟာမြောက် သတ္တုအရင်းအမြစ်အတွက် အခြားရွေးချယ်စရာ ထောက်ပံ့ရေးလမ်းကြောင်းများကို နယူးဒေလီက ရှာဖွေနေစဉ် အိန္ဒိယကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် ရှားပါးမြေရှားသတ္တုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံ၊ မန္တလေးမြို့တွင် ကျင်းပပြုလုပ်သည့် သတ္တုတွင်းဖိုရမ်တစ်ခု၏ အဖွင့်အမှာစကားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘေး သာကူ က ရှားပါးမြေရှားသတ္တုများဆိုင်ရာ နှစ်နိုင်ငံအကြား တိုးတက်လာသည့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ရှင်းလင်းပြောကြားခဲ့သည်။

သတ္တုတွင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း သိသာထင်ရှားသော အရှိန်အဟုန် ရရှိလာခဲ့ကြောင်း သံအမတ်ကြီး သာကူက ပြောကြားခဲ့သည်။

၎င်းတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတို့တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသော ရှားပါးမြေရှားသတ္တုနှင့် အရေးပါသော သတ္တုများဆိုင်ရာ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့ ပါဝင်ကြောင်း ၎င်းက ဆိုသည်။

သံအမတ်ကြီး သာကူ၏ အဆိုအရ အာဏာလုသမ္မတမင်းအောင်လှိုင်၏ မေ-ဇွန်လအတွင်း အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း ယင်းကိစ္စရပ်နှင့် ပတ်သက်၍ အဆင့်မြင့်အာရုံစိုက်မှုများ ရရှိခဲ့သည်ဟု သိရသည်။

သံအမတ်ကြီး သာကူက “အရေးပါတဲ့ သတ္တုတွေကို အသုံးချဖို့ အိန္ဒိယရဲ့ လိုအပ်ချက်က ရေရှည်တည်တံ့တဲ့ သတ္တုတူးဖော်ရေးကနေ မြန်မာနိုင်ငံအတွက် ရရှိလာမယ့် အကျိုးကျေးဇူးတွေနဲ့အတူ ခိုင်မာပြီး နှစ်ဖက်စလုံး အကျိုးရှိမယ့် ရေတို၊ ရေရှည် အခွင့်အလမ်းတွေကို ပေါ်ထွန်းစေပါတယ်” ဟု ပြောကြားခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *