PSM (News) ဇူလိုင် ၂၇၊၂၀၂၆ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ Central District တရားရုံးက ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ် မမှန်မကန် ပြောဆိုခဲ့မှုများအတွက် သမ္မတဟောင်း ယွန်းဆော့ယိုအား ဇူလိုင် ၂၇နေ့တွင် ထောင်ဒဏ် (၁၈) လ ချမှတ်ခဲ့သည်။ သို့သော် ထောင်ဒဏ်ကို ချက်ချင်းကျခံခိုင်းခြင်းမရှိဘဲ (၃) နှစ် ဆိုင်းငံ့ပေးခဲ့ရာ သတ်မှတ်ကာလအတွင်း အခြားပြစ်မှု ထပ်မံမကျူးလွန်ပါက ထောင်ဒဏ်မှ ကင်းလွတ်မည်ဖြစ်ပြီး၊ ထပ်မံကျူးလွန်ပါက ဆိုင်းငံ့ထားသည့် ထောင်ဒဏ်ကိုပါ ပေါင်း၍ အကျဉ်းထောင်တွင် အမှန်တကယ် ကျခံရမည်ဖြစ်သည်။ အဆိုပါ အမိန့်ကို အယူခံအဆင့်တွင် အတည်ပြုပါက သမ္မတဟောင်း၏ ပြည်သူ့အာဏာပါတီအနေဖြင့် ရွေးကောက်ပွဲ အသုံးစရိတ် ဝမ်(၃၉ ဒသမ ၇) ဘီလီယံကို နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ရမည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိနေသည်။ ကိုးကား-Reuters Post navigation ထိုင်းနိုင်ငံရေယောင်းခရိုင်တွင် ရဲတပ်ဖွဲ့ထံမှ ထွက်ပြေးစဉ် မူးယစ်ဆေးဝါး လွှင့်ပစ်ခဲ့သည်ဟု စွပ်စွဲခံရသူ ကမ္ဘောဒီးယားအလုပ်သမား ဖမ်းဆီးခံရ Appleကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ်သစ်အနေဖြင့် ရုပ်ရှင်နှင့် ရုပ်သံလုပ်ငန်းများ တိုးတက်မှုကို ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်