Author: Htet Ko

ဂျပန်နိုင်ငံ ပထမဆုံးအကြိမ် ပြည်တွင်းထုတ် တာဝေးပစ်ဒုံးကျည်များ တပ်ဖြန့်ရန် ပြင်ဆင်နေ

PSM(NEWS) မတ် ၉ ၊၂၀၂၆ ဂျပန်နိုင်ငံသည် ဒေသတွင်း၌ တိုးပွားလာနေသည့် စိန်ခေါ်မှုများကို တုံ့ပြန်ရန်အတွက် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို အရှိန်မြှင့်တင်လျက်ရှိရာ၊ ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်ထားသော တာဝေးပစ် ဒုံးကျည်များအား တပ်ဖြန့်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ အဆင့်မြှင့်တင်ထားသည့် ‘Type-12’ မြေပြင်မှ သင်္ဘောပစ် ဒုံးကျည်များကို မတ်လကုန်ပိုင်းတွင် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတိုစီရင်စုရှိ ကန်ဂွန်း…

အင်းတော်တွင် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲ၊ အုတ်တံတိုင်းပြိုကျပြီး လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

ဒေါင်းညို / PSM (News) မတ် ၉၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးတွင် စစ်ဘေးရှောင်များ ခိုလှုံနေသော ဘုန်းကြီး ကျောင်းဝန်းအတွင်းသို့ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကော်မရှင်၏ ဂျက်ဖိုက်တာတစ်စင်းသည်ယနေ့ မတ် ၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၁၅…

လယ်ဒိုတွင် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် သတ်ဖြတ်မှုများပြုလုပ်၊ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် ဒေသခံ ၃၀ ဦး အစုလိုက်အပြုံလိုက်သေဆုံး

PSM(News) မတ် ၉၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူး)၊ လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ဒေသခံပြည်သူ ၁၆၀ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီးနောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ကျူးလွန် ခဲ့ရာ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၃၀ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍…

ရှေ့တန်းတိုက်ခိုက်ရေးနှင့် ကဏ္ဍစုံတွင် အမျိုးသမီးရဲဘော်များ စွမ်းစွမ်းတမံ ပါဝင်နေမှုသည် တော်လှန်ရေးအတွက် အစားထိုးမရသော ခွန်အားဟု KNDF ပြော

PSM(News) မတ် ၉ ၊ ၂၀၂၆ တော်လှန်ရေးခရီးစဉ်အတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ယမန်နေ့ မတ် ၈ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သည်။ လက်ရှိနွေဦးတော်လှန်ရေး၏ ကဏ္ဍအသီးသီးတွင် ရဲဝံ့စွာ ပါဝင်ဆင်နွှဲနေကြသည့် အမျိုးသမီး ရဲဘော်များနှင့် အမျိုးသမီးထုတစ်ရပ်လုံးကို…

xAI ၏ Grok ချတ်ဘော့ဒ်မှ ရိုင်းစိုင်းသောပို့စ်များ ထွက်ပေါ်လာမှုအပေါ် X ပလက်ဖောင်း စုံစမ်းစစ်ဆေးနေဟု Sky News ဖော်ပြ

PSM (NEWS) မတ် ၉၊ ၂၀၂၆ လူမှုမီဒီယာပလက်ဖောင်းဖြစ်သော X သည် ၎င်း၏ xAI က ဖန်တီးထားသော ချတ်ဘော့ဒ် Grok မှ “လူမျိုးရေးခွဲခြားမှုနှင့် ရိုင်းစိုင်းစော်ကားသော” ပို့စ်များ ထွက်ပေါ်လာခဲ့မှုကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း Sky News က တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ X နှင့် xAI တို့သည် အဆိုပါကိစ္စနှင့်ပတ်သက်၍…

ရုရှားရေနံပိတ်ဆို့မှု ယာယီဖြေလျှော့မှုကို အမေရိကန်စွမ်းအင်ဝန်ကြီး ကာကွယ်ပြော၊ စက်သုံးဆီဈေးတက်မှုအတွက် “စိုးရိမ်စိတ်လွန်ကဲမှု” ကို အပြစ်တင်

PSM (NEWS) မတ် ၉၊ ၂၀၂၆ ရုရှားရေနံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုအချို့ကို ယာယီဖြေလျှော့ပေးရန် ဆုံးဖြတ်ခဲ့ခြင်းကို ဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့ဝင်များက တနင်္ဂနွေနေ့တွင် ခုခံကာကွယ်ပြောကြားခဲ့သည်။ အီရန်နှင့် ဆက်နွယ်သော စစ်ပွဲကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာနေသော်လည်း ယင်းအခြေအနေသည် ရက်သတ္တပတ်အနည်းငယ်သာ ကြာမြင့်နိုင်ကြောင်းလည်း ခန့်မှန်းပြောဆိုခဲ့သည်။ ရုပ်သံအစီအစဉ်များတွင် ပါဝင်ပြောကြားခဲ့သော အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ် ရိုက်…

အော်စလိုမြို့ရှိ အမေရိကန်သံရုံး ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွား၍ နော်ဝေရဲတပ်ဖွဲ့ စုံစမ်း စစ်ဆေးလျက်ရှိ

PSM(NEWS) မတ် ၉၊ ၂၀၂၆ စကင်ဒီနေးဗီးယားနိုင်ငံ တစ်ခုဖြစ်သည့် နော်ဝေနိုင်ငံ၏ မြို့တော် အော်စလိုရှိ အမေရိကန်သံရုံးရှေ့တွင် တနင်္ဂနွေနေ့ အစောပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။ တနင်္ဂနွေနေ့ နံနက် ၁ နာရီခန့်တွင် “ကျယ်လောင်သောအသံ” သို့မဟုတ် ပေါက်ကွဲသံတစ်ခု…

အီရန် အမြင့်ဆုံးခေါင်းဆောင်သစ် ရွေးချယ်ပြီးဟု အရာရှိတစ်ဦး ပြောကြား၊ နာရီပိုင်းအကြာတွင် “မည်သူမျှ မသိရှိသေး” ဟု နိုင်ငံခြားရေးဝန်ကြီး ပြန်တုံ့ပြန်

PSM (NEWS) မတ် ၉၊ ၂၀၂၆ အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်သစ်ကို ရွေးချယ်တင်မြှောက်ပြီးဖြစ်ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက နိုင်ငံပိုင်မီဒီယာသို့ ပြောကြားခဲ့သော်လည်း နာရီပိုင်းအကြာတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက ယင်းကိစ္စနှင့်ပတ်သက်၍ “မည်သူမျှ မသိရှိသေး” ဟု ပြန်လည်ပြောကြားခဲ့သည်။ ခေါင်းဆောင်ရွေးချယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ အာမတ် အာလာမိုဟိုဒါ က တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် နိုင်ငံပိုင်မီဒီယာသို့ ပြောကြားရာ၌ အီရန်အမြင့်ဆုံးခေါင်းဆောင်သစ်တစ်ဦးကို ရွေးကောက်တင်မြှောက်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မည်သူမည်ဝါဖြစ်သည်ကိုမူ…

You missed