PSM(News)

မတ် ၉ ၊ ၂၀၂၆

တော်လှန်ရေးခရီးစဉ်အတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ယမန်နေ့ မတ် ၈ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သည်။

လက်ရှိနွေဦးတော်လှန်ရေး၏ ကဏ္ဍအသီးသီးတွင် ရဲဝံ့စွာ ပါဝင်ဆင်နွှဲနေကြသည့် အမျိုးသမီး ရဲဘော်များနှင့် အမျိုးသမီးထုတစ်ရပ်လုံးကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အဖြစ် အထူးဂုဏ်ပြုမှတ်တမ်းတင်ကြောင်း KNDF က ဆိုသည်။

ထို့ပြင် အမျိုးသမီးရဲဘော်များသည် ရှေ့တန်းတိုက်ခိုက်ရေးနှင့် စစ်ရေးကဏ္ဍများတွင် အမျိုးသား ရဲဘော်များနှင့်တန်းတူ ထူးချွန်စွာ တာဝန်ထမ်းဆောင်နေကြရုံသာမက ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် မိသားစုရေးရာ ကဏ္ဍစုံတွင်လည်း စွမ်းစွမ်းတမံ ဆောင်ရွက်နေ ကြသည်ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခေတ်အဆက်ဆက် ဖိနှိပ်မှုများကို နည်းလမ်းပေါင်းစုံဖြင့် တွန်းလှန်ခဲ့သည့် အမျိုးသမီးထု၏ စိတ်ဓာတ် ကို အရင်းခံကာ ယနေ့တော်လှန်ရေးတွင် ရှေ့တန်းမှ ရပ်တည်နေသူများ၊ နောက်ကွယ်မှ ပံ့ပိုးပေးနေသော မိခင်များနှင့် ဇနီးသည်များ အပါအဝင် အမျိုးသမီးထုတစ်ရပ်လုံး၏ အားပေးကူညီမှုများသည် တော်လှန်ရေးအတွက် အစားထိုး၍မရသော ခွန်အားများဖြစ်သည်ဟု ဆိုသည်။

ထို့သို့ မတရားမှုကို ဆန့်ကျင်၍ နယ်ပယ်အသီးသီးတွင် ရုန်းကန်လှုပ်ရှားနေကြသည့် အမျိုးသမီး များအားလုံးကိုလည်း KNDF အနေဖြင့် အစဉ်လေးစားဂုဏ်ပြုကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ-KNDF

#ရှေ့တန်းတိုက်ခိုက်ရေး

#အမျိုးသမီးရဲဘော်များ

#စွမ်းစွမ်းတမံပါဝင်

#အစားထိုးမရ

#ခွန်အား

#KNDF

#PSM_News

By Htet Ko