daily-news အာဏာလု စစ်အုပ်စုက အာဇာနည်နေ့မတိုင်မီ ဗိုလ်ချုပ်ရုပ်ထုများကို လိုက်လံဖျက်ဆီးနေခြင်းအပေါ် NLD နှင့် ရှေ့နေများကောင်စီ ရှုတ်ချ July 9, 2026 Htet Ko မောင်မောင်ကဲ/PSM(News) ဇူလိုင် ၉၊ ၂၀၂၆ အာဏာလုစစ်အုပ်စုသည် လွတ်လပ်ရေးဗိသုကာနှင့် တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်း အမှတ်ရုပ်ထုများကို ညအမှောင်ကိုအကာ အကွယ်ယူကာ နေရာဒေသအနှံ့အပြား၌ နေ့စဉ်ဖြိုချ ဖျက်ဆီးနေမှုကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့ ဇူလိုင် ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အာဏာလု စစ်အုပ်စုလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးဝန်ထမ်းများသည်…
daily-news ကမ္ဘာ့ MMA ဆုပေးပွဲတွင် မြန်မာဖိုက်တာ ဂျိုရှုအာဗန် Breakthrough အပါအဝင် ဆုကြီး ၂ ဆု ဆွတ်ခူး July 9, 2026 Htet Ko PSM(News) ဇူလိုင် ၉၊ ၂၀၂၆ အမေရိကန်နိုင်ငံ၊ လာ့စ်ဗေးဂတ်စ်မြို့၌ ယနေ့ ဇူလိုင် ၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့် ကမ္ဘာ့ MMA ဆုပေးပွဲ (World MMA Awards) အခမ်းအနားတွင် မြန်မာ့ဂုဏ်ဆောင် ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှုအာဗန်က ဆုကြီးနှစ်ဆုကို တစ်ပြိုင်နက်တည်း ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဆုပေးပွဲမစတင်မီကတည်းက ဆန်ကာတင်စာရင်းတွင်…
daily-news မင်းလက်ပံနှင့် ဖလူးတိုက်ပွဲကြောင့် ကျားဖြန့်တရုတ်များ မြဝတီမြို့ပေါ်သို့ ထွက်ပြေးခိုလှုံ July 9, 2026 Htet Ko PSM(News) ဇူလိုင် ၉၊ ၂၀၂၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် မင်းလက်ပံနှင့် ဖလူးဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အတွင်းမှ ထွက်ပြေးလာသော ရာနှင့်ချီသည့် ကျားဖြန့်တရုတ်များသည် မြဝတီမြို့ပေါ်သို့ ရောက်ရှိနေ ကြောင်း မြို့ခံများထံမှ သိရသည်။ အာဏာလုစစ်အုပ်စုသည် ဇူလိုင်လ ၈ ရက်နေ့ ညမှစတင်ကာ အင်အား ၁,၀၀၀ ခန့်ဖြင့် စစ်ကြောင်းများ ဖြန့်ခွဲပြီး…
international news ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် မုတ်သုံမိုးကြောင့် မြေပြိုမှုဖြစ်ပွားပြီး ရိုဟင်ဂျာ ၈ ဦး သေဆုံး July 9, 2026 Htet Ko PSM (News) ဇူလိုင် ၉၊ ၂၀၂၆ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ကလေးငယ် ၅ ဦးအပါအဝင် ရိုဟင်ဂျာဒုက္ခသည် အနည်းဆုံး ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ကော့စ်ဘဇားခရိုင်မှ မီးသတ်နှင့် အရပ်ဘက်ကာကွယ်ရေးဌာန တာဝန်ရှိသူ ဒေါ်လာ ထရီပူရာ ၏ ပြောကြားချက်အရ တနင်္ဂနွေနေ့ညမှ တနင်္လာနေ့နံနက်ပိုင်းအထိ တောင်ကုန်းများပြိုကျမှုကြောင့်…
international news ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ရေနံနှင့် သဘာဝဓာတ်ငွေ့တင် သင်္ဘောများ လမ်းကြောင်းပြောင်းလဲ July 9, 2026 Htet Ko PSM(News) ဇူလိုင် ၉ ၊၂၀၂၆ ဟော်မုဇ်ရေလက်ကြားအတွင်း သွားလာနေသည့် သင်္ဘောများကို အီရန်ဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် သတင်းများ ထွက်ပေါ်လာပြီးနောက်၊ ဘေးကင်းလုံခြုံရေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ဆောင်လာသည့် သင်္ဘောအနည်းဆုံး (၄) စင်းမှာ လမ်းကြောင်း ပြန်လည်လှည့်ပြန်သွားခဲ့ကြောင်း သင်္ဘောခြေရာခံ စနစ်များအရ သိရှိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ရေကြောင်းသွားလာရေး လုံခြုံမှုဆိုင်ရာ အန္တရာယ်အဆင့်ကို အမြင့်ဆုံးအဖြစ်…
international news အီရန်နိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ “ပြီးဆုံးသွားပြီ” ဟုNATO ထိပ်သီးအစည်းအဝေးတွင် ထရမ့် ပြောကြား July 9, 2026 Htet Ko PSM (News) ဇူလိုင် ၉၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အီရန်ဘက်မှလည်း ဘာရိန်းနှင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်ခဲ့သည်။ တူရကီနိုင်ငံ၌ ကျင်းပသည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နှင့် အီရန်တို့အကြား ရရှိထားသည့် ကြားဖြတ်သဘောတူညီချက်မှာ “ပြီးဆုံးသွားပြီ” ဖြစ်ကြောင်း ပြောကြားလိုက်သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍…
international news တရုတ်နိုင်ငံသည် မဲခေါင်မြစ်လက်တက်များ၏ ညစ်ညမ်းမှုကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြား July 9, 2026 Htet Ko PSM (News) ဇူလိုင် ၉၊ ၂၀၂၆ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံရှိ မဲခေါင်မြစ်လက်တက်များတွင် ဖြစ်ပွားနေသည့် လေးလံသောသတ္တုများဖြင့် ညစ်ညမ်းမှုသတင်းများကို အနီးကပ်စောင့်ကြည့်နေပြီး ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများအပေါ် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို နားလည်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါထုတ်ပြန်ချက်ကို ဘန်ကောက်မြို့ရှိ တရုတ်သံရုံးနှင့် ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတို့တွင် ဆန္ဒပြသူများက မဲခေါင်မြစ်လက်တက်များအတွင်း ညစ်ညမ်းမှုများနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တရုတ်သံရုံး…
daily-news စစ်ကိုင်းတွင် PDF တပ်ခွဲမှူးက ဘဏ္ဍာရေးမှူးရဲမေကို ပစ်သတ်ပြီး မိမိကိုယ်ကိုယ် ပြန်လည်ပစ်ခတ်၊ ဆေးကုသမှုအပြီးတွင် အရေးယူရန် ပြင်ဆင်နေ July 9, 2026 Htet Ko PSM (News) ဇူလိုင် ၈၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ကိုင်းခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ-၄ စခန်းတွင် တပ်ခွဲမှူး ဖြစ်သူက ဘဏ္ဍာရေးမှူး အမျိုးသမီးရဲမေကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုယ် ပြန်လည်ပစ်ခတ်ရာ ဒဏ်ရာပြင်းထန်စွာရရှိ၍ ဆေးကုသမှု ခံယူနေရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ဘဏ္ဍာရေးမှူး အမျိုးသမီးရဲမေကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တပ်ခွဲမှူးညိုချောကို…
daily-news ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တန်းက ရမ်းသန်းပစ်ခတ်သဖြင့် ကနီနှင့် မင်းကင်းဒေသခံ ၁၅,၀၀၀ နီးပါး စစ်ဘေးရှောင်နေရ July 8, 2026 Htet Ko PSM (News) ဇူလိုင် ၈ ၊ ၂၀၂၆ ချင်းတွင်းမြစ်ရေကြီးချိန်ကို အခွင့်ကောင်းယူ၍ စစ်ကိုင်းတိုင်းအတွင်း ဆန်တက်လာသည့် အာဏာလု စစ်အုပ်စု၏ ထောက်ပို့စစ်ရေယာဉ်အုပ်စုကြောင့် မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံပြည်သူ တစ်သောင်းခွဲနီးပါး (၁၅,၀၀၀ ဝန်းကျင်) အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ အဆိုပါ ရိက္ခာ၊ လူအင်အားနှင့် လက်နက်ခဲယမ်း တင်ဆောင်လာသော ဖလက်သံခွန်သင်္ဘော ၂၄…
daily-news အာဏာလုစစ်တပ် ပြန်လည်စိုးမိုးနေသည့် အင်းတော်တွင် Non-CDM ကျောင်းဆရာမကို စစ်သား ၅ ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့် July 8, 2026 Htet Ko PSM (News) ဇူလိုင် ၈ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် အာဏာလု စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း ဒေသခံ Non-CDM ဝန်ထမ်း ကျောင်းဆရာမတစ်ဦးအား စစ်သားငါးဦးက အုပ်စုဖွဲ့၍ ၎င်း၏နေအိမ်၌ပင် အဓမ္မပြုကျင့်ခဲ့သည့် လူမဆန်သော ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အာဏာလုစစ်တပ်က…