PSM(News)

ဇူလိုင် ၉၊ ၂၀၂၆

အမေရိကန်နိုင်ငံ၊ လာ့စ်ဗေးဂတ်စ်မြို့၌ ယနေ့ ဇူလိုင် ၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့် ကမ္ဘာ့ MMA ဆုပေးပွဲ (World MMA Awards) အခမ်းအနားတွင် မြန်မာ့ဂုဏ်ဆောင် ချင်းတိုင်းရင်းသား ဖိုက်တာ ဂျိုရှုအာဗန်က ဆုကြီးနှစ်ဆုကို တစ်ပြိုင်နက်တည်း ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုပေးပွဲမစတင်မီကတည်းက ဆန်ကာတင်စာရင်းတွင် ပါဝင်ကာ ဆုရရှိရန် ရေပန်းအစားဆုံး အဖြစ် ကြိုတင်ခန့်မှန်းခြင်း ခံခဲ့ရသည့် ဂျိုရှုအာဗန်သည် ခန့်မှန်းချက်များနှင့်အညီ ကမ္ဘာ့အဆင့်မီ ဆုကြီးများကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဂျိုရှုအာဗန် ဆွတ်ခူးခဲ့သည့် ဆုကြီးနှစ်ဆုမှာ Breakthrough Fighter of the Year (တစ်နှစ်တာ အကောင်းဆုံး အရှိန်အဟုန်ဖြင့် တိုးတက်လာသည့် ဖိုက်တာဆု) နှင့် Fight of the Year (တစ်နှစ်တာ အကောင်းဆုံး အကြိတ်အနယ် အလဲအလှယ်လုပ်နိုင်ခဲ့သည့် ပွဲစဉ်ဆု – UFC 317 ပြိုင်ပွဲတွင် ဘရန်ဒန်ရွိုင်ဗယ်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲ) တို့ ဖြစ်ကြသည်။

ဆုပေးပွဲ အခမ်းအနားသို့ ဂျိုရှုအာဗန်နှင့်အတူ ၎င်း၏ နည်းပြဖြစ်သူ၊ ကလပ်အသင်းဥက္ကဋ္ဌတို့လည်း အတူတကွ တက်ရောက်ခဲ့ကြပြီး ပွဲစဉ်အတွင်း အစောဆုံး ကြေညာခဲ့သည့် အဆိုပါဆုများကို စင်မြင့်ထက်တွင် လက်ခံရယူခဲ့သည်။

အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ကမ္ဘာ့အဆင့်မြင့်ဆုံး MMA အဖွဲ့အစည်းကြီးဖြစ်သည့် UFC (Ultimate Fighting Championship) စင်မြင့်ထက်သို့ တက်လှမ်းခွင့်ရရှိခဲ့ပြီး လတ်တလောတွင် ဝိတ်တန်းချန် ပီယံခါးပတ်ကိုပါ သိမ်းပိုက်ထားနိုင်သည့် ဂျိုရှုအာဗန်သည် လက်ရှိတွင် မြန်မာပရိ သတ်များသာမက တစ်ကမ္ဘာလုံးကပါ အထူးသတိထား စောင့်ကြည့်ရသည့် ကြယ်ပွင့်ဖိုက်တာတစ်ဦး ဖြစ်လာခဲ့သည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed