PSM (News)

ဇူလိုင် ၉၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အီရန်ဘက်မှလည်း ဘာရိန်းနှင့် ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်ခဲ့သည်။ တူရကီနိုင်ငံ၌ ကျင်းပသည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နှင့် အီရန်တို့အကြား ရရှိထားသည့် ကြားဖြတ်သဘောတူညီချက်မှာ “ပြီးဆုံးသွားပြီ” ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထရမ့်က “ကျွန်တော် သူတို့နဲ့ ဘယ်လိုမှ ဆက်ဆံလိုတော့ဘူး” ဟု ပြောဆိုခဲ့သည်။ တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ခြေရှိကြောင်း ထရမ့်၏ သတိပေးချက်များ ထွက်ပေါ်လာပြီးနောက် ရေနံဈေးနှုန်းမှာလည်း နှစ်ပတ်အတွင်း အမြင့်ဆုံးသို့ (၅) ရာခိုင်နှုန်းခန့် မြင့်တက်သွားခဲ့သည်။

NATO ထိပ်သီးအစည်းအဝေးတွင် မဟာမိတ်နိုင်ငံများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါအစည်းအဝေး၌ အလွန်စည်းလုံးမှုရှိကြောင်း ထရမ့်က ပြန်လည်ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်သည် ယူကရိန်းနိုင်ငံသို့ ပက်ထရီယော့ (Patriot) ဒုံးကျည်များအတွက် လိုင်စင်ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိတွင် အီရန်နိုင်ငံ၌ ခါမေနီ၏ ဈာပနအခမ်းအနားကို ကြီးမားသော လူအုပ်ကြီးဖြင့် ကျင်းပလျက်ရှိပြီး အီရန်၏ လက်တုံ့ပြန်မှုများကြောင့် အရှေ့အလယ်ပိုင်းဒေသ ရေနံကဏ္ဍတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိသည်။

ကိုးကား-Reuters

By Htet Ko