Month: July 2026

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေးခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီထံ သားဖြစ်သူ ကိုထိန်လင်း ကျေးဇူးတင်စာပို့

မောင်မောင်ကဲ/PSM(News) ဇူလိုင် ၃ ၊ ၂၀၂၆ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် ကျန်းမာရေး ဆုမွန်ကောင်းတောင်းပေးခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) နိုင်ငံတကာဌာနကို ကျေးဇူး တင်ရှိကြောင်း ပြောကြားရန် သားငယ်ဖြစ်သူ ကိုထိန်လင်း (Kim Aris) က လန်ဒန်မြို့ရှိ တရုတ် သံအမတ်ကြီးထံသို့ စာရေးသား ပေးပို့ခဲ့သည်။ ကိုထိန်လင်းက…

စစ်အုပ်စု၏ ရက် ၁၀၀ စီမံကိန်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ၁,၀၀၀ ကျော် ကျူးလွန်ခဲ့ပြီး လေကြောင်း နှင့် အစုလိုက်အပြုံသတ်ဖြတ်မှုများကြောင့် ပြည်သူ ၄၀၀ ကျော် သေဆုံး

မောင်မောင်ကဲ/PSM (News) ဇူလိုင် ၃၊ ၂၀၂၆ အာဏာလုစစ်အုပ်စု၏ “ရက် ၁၀၀ စီမံကိန်း” ကာလအတွင်း နိုင်ငံတစ်ဝန်း၌ လူ့အခွင့်အရေး ချိုးဖောက် မှုဖြစ်စဉ်ပေါင်း ၁,၀၄၅ မှုအထိ ကျူးလွန်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာန၏ စောင့်ကြည့်မှတ်တမ်းများအရ သိရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံအဖြစ် တင်မြှောက်ကာ ရွေးကောက်ပွဲအတုအတွက် တင်ပြနိုင်ရန်…

ခရစ်စတီယာနို ရော်နယ်ဒို သည် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်တွင် ပထမဆုံးဂိုး သွင်းယူကာ အသင်းဖော်ဟောင်း၏ စံချိန်ကို ချိုးဖျက်ခဲ့

PSM(NEWS) ဇူလိုင် ၃ ၊ ၂၀၂၆ ခရစ်စတီယာနို ရော်နယ်ဒို သည် ခရိုအေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား နောက်ဆုံး (၃၂) သင်းအဆင့် ပွဲစဉ်တွင် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်၌ မိမိ၏ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းကို အသက်ဆက်နိုင်စေခဲ့သည်။ ပွဲချိန် ဒုတိယပိုင်းတွင် အသက် (၃၇) နှစ်အရွယ် အိုင်ဗန် ပယ်ရီဆစ် က…

အစ္စရေးတွင် အောက်တိုဘာ ၇ ရက်နေ့အတွက် အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပ

PSM (NEWS) ဇူလိုင် ၃၊၂၀၂၆ အောက်တိုဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဟားမားစ်၏ တိုက်ခိုက်မှုနောက်ပိုင်း ရက်ပေါင်း ၁,၀၀၀ ပြည့်မြောက်သည့်နေ့ကို အစ္စရေးနိုင်ငံသားများက ကြာသပတေးနေ့တွင် အောက်မေ့ဖွယ်အခမ်းအနားများနှင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများဖြင့် ကျင်းပခဲ့ကြသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁,၂၀၀ နီးပါး သေဆုံးခဲ့ပြီး ၂၅၁ ဦးမှာ ဂါဇာကမ်းမြောင်ဒေသသို့…

ဂျပန်နိုင်ငံ၊ ကျူးရှူးဒေသတွင် မိုးသည်းထန်စွာရွာသွန်း၊ ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွား

PSM (NEWS) ဇူလိုင် ၃၊ ၂၀၂၆ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကျူးရှူးဒေသမြောက်ပိုင်းတွင် ကြာသပတေးနေ့ နံနက်အစောပိုင်းမှစ၍ မိုးတိမ်တိုက်များ စုဝေးဖြစ်ပေါ်ခဲ့ရာ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေပြိုခြင်းနှင့် ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။ ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ပြည်သူများအား အထူးသတိပြုရန် တိုက်တွန်းထားပြီး ကြာသပတေးနေ့ နံနက်ပိုင်းတွင် ကင်ကီး၊တိုခိုင် နှင့် ကန်တို-ကိုရှင်းဒေသများတွင်လည်း…

တော်လှန်ရေးအတွင်း ဘာသာ၊ လူမျိုးခွဲခြားမှုနှင့် လိင်ပိုင်းစော်ကားမှုကို NUG မျက်ကွယ်ပြုထားဟု အဖွဲ့ ၁၇၂ ဖွဲ့ ပြင်းထန်စွာ ဝေဖန်

PSM(News) ဇူလိုင် ၃၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) အတွင်း ဖြစ်ပွားခဲ့သည့် အမျိုးသမီးရဲဘော်တစ်ဦး၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရမှု ဖြစ်စဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တရားမျှတမှု ဖော်ဆောင်ပေးရန် ကြန့်ကြာနေကြောင်း တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်း စုစုပေါင်း ၁၇၂ ဖွဲ့က ယမန်နေ့ ဇူလိုင် ၃ ရက်တွင်…

ဗင်နီဇွဲလားငလျင်တွင် ပိတ်မိနေသူတစ်ဦးကို (၈) ရက်အကြာတွင် အံ့ဩဖွယ်ရာ ကယ်ဆယ်နိုင်ခဲ့

PSM(NEWS) ဇူလိုင် ၃၊ ၂၀၂၆ ဗင်နီဇွဲလားနိုင်ငံတွင် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့သည့် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအောက်တွင် ပိတ်မိနေသူတစ်ဦးကို (၈) ရက်အကြာတွင် ကယ်ဆယ်ရေးအဖွဲ့များက “အံ့ဩဖွယ်ရာ” အနေဖြင့် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။ အသက် (၄၄) နှစ်အရွယ် ဟာနန် အယ်လ်ဘာတို ဂီးလ် ဖလောရက်စ် သည် လာဂွိုင်ရာ မြို့ရှိ…

လစ်သူယေးနီးယားတွင် နျူကလီးယားလက်နက် တားမြစ်ချက်အား ရုပ်သိမ်းရန် စီစဉ်နေ

PSM (NEWS) ဇူလိုင် ၃ ၊၂၀၂၆ လစ်သူယေးနီးယားနိုင်ငံ၏ လွှတ်တော်ပါတီများသည် နိုင်ငံအတွင်း နျူကလီးယားလက်နက်များနှင့် နိုင်ငံခြားစစ်အခြေစိုက်စခန်းများထားရှိခြင်းကို တားမြစ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မများကို ပြင်ဆင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သမ္မတ ဂီတာနပ်စ် နောဆီဒါ က ပြောကြားလိုက်သည်။ ဤလုပ်ဆောင်ချက်သည် ဒေသတွင်း လုံခြုံရေးတွက်ချက်မှုများကို ရုရှားက ပြောင်းလဲပစ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်တစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က…

ပေါက်နယ်အတွင်းသို့ အာဏာလုစစ်အုပ်စုက စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၆ ရွာမှ ဒေသခံ ၁၀,၀၀၀ ကျော် အရေးပေါ် စစ်ရှောင်နေရပြီး ရိက္ခာအကူအညီ လိုအပ်နေ

PSM News ဇူလိုင် ၂၊ ၂၀၂၆ ‎မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းသို့ အာဏာလုစစ်အုပ်စုက စစ်ကြောင်းထိုး စီးနင်းဝင်ရောက် နေသောကြောင့် အရှေ့မြောက်ပိုင်းရှိ ကျေးရွာ ၁၆ ရွာမှ အိမ်ထောင်စု ၂,၀၆၄ စု၊ ဒေသခံပြည်သူ ၁၀,၁၇၁ ဦးကျော် ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ ပခုက္ကူအခြေစိုက်…

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဘယ်လ်ဂျီယံအသင်း (၂) ဂိုးရှုံးနိမ့်နေရာမှ ပြန်လည်အနိုင်ယူကာ ဆီနီဂေါအသင်းကို အနိုင်ရရှိ

PSM (NEWS) ဇူလိုင် ၂ ၊၂၀၂၆ ဘယ်လ်ဂျီယံအသင်းသည် ဗုဒ္ဓဟူးနေ့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ နောက်ဆုံး (၃၂) သင်းအဆင့် ပွဲစဉ်၌ (၂) ဂိုးအရှုံးပေးထားရသည့်အနေအထားမှ ပြန်လည်ခြေစွမ်းပြပြီး ဆီနီဂေါအသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲစဉ်သည် ယခုနှစ်ကမ္ဘာ့ဖလားတွင် အံ့အားသင့်ဖွယ် အကောင်းဆုံး ပြန်လည်ခြေစွမ်းပြနိုင်ခဲ့သည့် ပွဲစဉ်တစ်ခုဖြစ်သည်။ ဆီနီဂေါအသင်းသည် ပွဲချိန်ပြီးဆုံးရန် (၅) မိနစ်အလိုအထိ…

You missed