Month: March 2026

မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အန္တရာယ်ရှိအဆင့်သို့ ရောက်ရှိနိုင်သဖြင့် ကျန်းမာရေး သတိပြုရန် NUG သတိပေး

PSM(News) မတ် ၂၈၊ ၂၀၂၆ လာမည့်ရက်များအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း၊ အနောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် အပူချိန်မြင့်တက်မှုနှင့်အတူ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ အန္တရာယ်ရှိအဆင့်အထိ မြင့်တက် လာနိုင်သဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကာကွယ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန (MOH) နှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) တို့က တိုက်တွန်းနှိုးဆော်ထားသည်။ မြန်မာနိုင်ငံတစ်ဝန်း ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းသည် မတ်လနှင့် ဧပြီလများအတွင်း…

မြန်မာနိုင်ငံတွင် စက်သုံးဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ငလျင်ဒဏ်သင့်ပြည်သူများ ငတ်မွတ် ခေါင်းပါးမှု အန္တရာယ်နှင့် ထပ်မံရင်ဆိုင်နေရဟု WFP သတိပေး

PSM(News) မတ် ၂၈ ၊ ၂၀၂၀ မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်မြောက်ချိန်အထိ ပြန်လည်ထူထောင်ရန် ကြိုးပမ်း နေသည့် လူထုမှာ ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့် စားနပ်ရိက္ခာ အကျပ်အတည်းများကြောင့် ငတ်မွတ်ခေါင်း ပါးမှု အန္တရာယ်နှင့် ထပ်မံရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယမန်နေ့ မတ် ၂၇ ရက်စွဲဖြင့် သတိပေးထုတ်ပြန်သည်။ အရှေ့အလယ်ပိုင်းဒေသ…

အီရန်စစ်ပွဲ အခြေအနေနှင့် ပတ်သက်၍ ရုရှားနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

PSM(NEWS) မတ် ၂၈၊ ၂၀၂၆ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာ့ဗ်ရော့ဗ် နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ တို့သည် သောကြာနေ့တွင် တွေ့ဆုံကာ အီရန်စစ်ပွဲအား သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ “အမေရိကန်-အစ္စရေးတို့ရဲ့ အကြောင်းမဲ့ ကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်းဒေသက အခက်ခဲဆုံး စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကို…

ဟော်မုဇ်ရေလက်ကြား ကုန်သွယ်ရေးလမ်းကြောင်း ဘေးကင်းလုံခြုံစေရန် ကုလသမဂ္ဂမှ ယန္တရားတစ်ခု ဖော်ဆောင်မည်

PSM(NEWS) မတ် ၂၈၊ ၂၀၂၆ အီရန်စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်းတွင် အစားအစာ ပြတ်လပ်မှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ကုန်သွယ်မှုများ ဆက်လက်စီးဆင်းနိုင်စေရန် အထူးလုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းဆောင်ရွက်နေကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောကြားလိုက်သည်။ “ဒီစစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လျော့ပါးသက်သာစေဖို့အတွက် အရေးပေါ်အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်” ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူးဂျရစ်…

အာတီမစ် (Artemis) လကမ္ဘာခရီးစဉ်အတွက် အမျိုးသား လေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေး အဖွဲ့ (NASA) ၏ အာကာသယာဉ်မှူးများ နောက်ဆုံးအဆင့် ပြင်ဆင်မှုများ စတင်

PSM(NEWS) မတ်လ ၂၈၊ ၂၀၂၆ အမေရိကန်အမျိုးသား လေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေး အဖွဲ့ (NASA) ၏ အာကာသယာဉ်မှူးများသည် လကမ္ဘာသို့ သွားရောက်မည့် သမိုင်းဝင် အာတီမစ် (Artemis) ခရီးစဉ်အတွက် နောက်ဆုံးအဆင့် လေ့ကျင့်မှုများနှင့်ပြင်ဆင်မှုများကိုစတင်လုပ်ဆောင်နေပြီဖြစ်သည်။ အဆိုပါမစ်ရှင်သည်ဆယ်စုနှစ်များစွာအတွင်းလူသားများကိုလကမ္ဘာမျက်နှာပြင်ပေါ်သို့ပြန်လည်စေလွှတ်နိုင်ရန်ရည်ရွယ်သည့်အရေးပါသော ခြေလှမ်းတစ်ခု ဖြစ်သည်။ လက်ရှိတွင်အာကာသယာဉ်မှူးများသည်ခရီးစဉ်အတွင်းကြုံတွေ့ရနိုင်သည့် အခြေအနေများအတွက် အထူးကြပ်မတ်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။ ကိုးကား Reuters

မွန်ဂိုလီးယား ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများ ဖော်ပြ

PSM(NEWS) မတ် ၂၈၊၂၀၂၆ မွန်ဂိုလီးယား ဝန်ကြီးချုပ် ဇန်ဒန်ရှတာ ဂွန်ဘိုဂျပ် သည် အုပ်ချုပ်သူ မွန်ဂိုလီးယား ပြည်သူ့ပါတီထံသို့ နုတ်ထွက်စာ တင်ပြထားကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံဌာန CCTV က သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ကိုးကား Reuters

ဆွေးနွေးမှုများ“အဆင်ပြေနေသည်” ဟု ထရမ့် ပြောဆိုသော်လည်း အီရန်က အရပ်သားများကို သတိပေးချက်ထုတ်ပြန်

PSM(NEWS) မတ်လ ၂၈ ၊၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တစ်လကြာဖြစ်ပွားနေသော စစ်ပွဲကိုအဆုံးသတ်ရန်ဆွေးနွေးမှုများ “အဆင်ပြေချောမွေ့နေသည်” ဟု ပြောကြားလိုက်သော်လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က အရှေ့အလယ်ပိုင်းတစ်လွှားရှိ အရပ်သားများအနေဖြင့်အမေရိကန်တပ်ဖွဲ့များရှိရာနေရာများနှင့် ဝေးဝေးတွင်နေကြရန်သောကြာနေ့တွင်သတိပေးချက်ထုတ်ပြန်ကာ တုံ့ပြန်လိုက်သည်။ ဟော်မုဇ်ရေလက်ကြားကိုပြန်ဖွင့်ပေးရန်သို့မဟုတ်အီရန်၏စွမ်းအင်ကဏ္ဍဆိုင်ရာပိုင်ဆိုင်မှုများဖျက်ဆီးခံရမည့်ဘေးနှင့် ရင်ဆိုင်ရန် တီဟီရန်အစိုးရအား ထရမ့် က ပေးထားသည့်နောက်ဆုံးသတ်မှတ်ရက်ကို ဧပြီလ ၆ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးလိုက်ပြီးနောက် အဆိုပါသတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဖေဖော်ဝါရီ၂၈ရက်တွင်အမေရိကန်နှင့်အစ္စရေးတို့ကအီရန်ကိုစတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ပွဲသည်…

အီရန်နှင့်စစ်ပွဲအတွင်း အမေရိကန်ကတိုမာဟော့ခ်ဒုံးကျည် ရာနှင့်ချီ အသုံးပြုနေမှုအပေါ် ပင်တဂွန်စိုးရိမ်နေ

PSM(NEWS) မတ်လ ၂၈၊၂၀၂၆ အမေရိကန်စစ်တပ်သည် အီရန်နှင့် လေးပတ်ကြာ ဖြစ်ပွားနေသော စစ်ပွဲအတွင်းတိုမာဟော့ခ်ခရုစ်ဒုံးကျည် ပေါင်း ၈၅၀ ကျော် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ တိကျသေချာသည့် လက်နက်များကို အရှိန်အဟုန်ဖြင့် အသုံးပြုနေမှုအပေါ် ပင်တဂွန် စစ်ဌာနချုပ် အရာရှိအချို့က စိုးရိမ်မကင်းဖြစ်နေပြီး လက်နက်အင်အား ထပ်မံဖြည့်တင်းနိုင်ရေးအတွက် ပြည်တွင်း၌ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက သောကြာနေ့တွင် ဖော်ပြခဲ့သည်။…