PSM(NEWS) မတ်လ ၂၈ ၊၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တစ်လကြာဖြစ်ပွားနေသော စစ်ပွဲကိုအဆုံးသတ်ရန်ဆွေးနွေးမှုများ “အဆင်ပြေချောမွေ့နေသည်” ဟု ပြောကြားလိုက်သော်လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က အရှေ့အလယ်ပိုင်းတစ်လွှားရှိ အရပ်သားများအနေဖြင့်အမေရိကန်တပ်ဖွဲ့များရှိရာနေရာများနှင့် ဝေးဝေးတွင်နေကြရန်သောကြာနေ့တွင်သတိပေးချက်ထုတ်ပြန်ကာ တုံ့ပြန်လိုက်သည်။ ဟော်မုဇ်ရေလက်ကြားကိုပြန်ဖွင့်ပေးရန်သို့မဟုတ်အီရန်၏စွမ်းအင်ကဏ္ဍဆိုင်ရာပိုင်ဆိုင်မှုများဖျက်ဆီးခံရမည့်ဘေးနှင့် ရင်ဆိုင်ရန် တီဟီရန်အစိုးရအား ထရမ့် က ပေးထားသည့်နောက်ဆုံးသတ်မှတ်ရက်ကို ဧပြီလ ၆ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးလိုက်ပြီးနောက် အဆိုပါသတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဖေဖော်ဝါရီ၂၈ရက်တွင်အမေရိကန်နှင့်အစ္စရေးတို့ကအီရန်ကိုစတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ပွဲသည် လေးပတ်မြောက်သို့ရောက်ရှိလာပြီဖြစ်သည်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် စက်မှုထိပ်သီး ၇နိုင်ငံအုပ်စု(G7)အစည်းအဝေးအတွက် ပြင်သစ်သို့ ရောက်ရှိနေစဉ် ဂျာမန်သံတမန် ယိုဟန် ဗာဒီဖူး က ဝါရှင်တန်နှင့် တီဟီရန်တို့အကြား တိုက်ရိုက်တွေ့ဆုံမှုမကြာမီပြုလုပ်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်ကမူ အီရန်၏ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုများအတွက်“ပိုမိုပြင်းထန်တဲ့”တိုက်ခိုက်မှုများဖြင့် တုံ့ပြန်သွားမည်ဟု ကတိပြုထားသည်။ အီရန်ဒုတိယသမ္မတအက်စမေးလ် ဆာဂပ် အက်စ်ဖာဟနီ ကလည်း အကယ်၍ မြေပြင်ကျူးကျော်မှု ဖြစ်ပွားလာပါက ရေနံစျေးနှုန်းများ အဆမတန်မြင့်တက်လာမည်ဖြစ်ကြောင်းခြိမ်းခြောက်ပြောဆိုထားသည်။ ကိုးကား CNA Post navigation အီရန်နှင့်စစ်ပွဲအတွင်း အမေရိကန်ကတိုမာဟော့ခ်ဒုံးကျည် ရာနှင့်ချီ အသုံးပြုနေမှုအပေါ် ပင်တဂွန်စိုးရိမ်နေ မွန်ဂိုလီးယား ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများ ဖော်ပြ