PSM(NEWS) ဖေဖော်ဝါရီ ၁၅၊၂၀၂၆ ရုရှားရေနံများအားရေကြောင်းဝန်ဆောင်မှုပေးခြင်းကို ပိတ်ပင်မည့်ကိစ္စနှင့် ပတ်သက်၍ စက်မှုထိပ်သီး ၇ နိုင်ငံ (G7) အတွင်း သဘောတူညီမှုရရှိရန် “မျှော်လင့်ချက်ရှိသည်” ဟုပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်း နိုဝဲလ် ဘာရိုး က စနေနေ့တွင်ပြောကြားလိုက်သည်။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကျင်းပသည့်G7နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးတွင် ဝန်ကြီးကသတင်းထောက်များကို ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါရေကြောင်ဝန်ဆောင်မှုပိတ်ပင်ခြင်းအစီအစဉ်ကို ဥရောပသမဂ္ဂ (EU) ၏ (၂၀) ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုကဏ္ဍတွင်ထည့်သွင်းနိုင်ရန်ပြင်သစ်က မျှော်လင့်နေသည်။ G7အဖွဲ့ဝင်အချို့သည်ရုရှားရေနံတင်ပို့မှုကိုပိုမိုတင်းကျပ်စွာကန့်သတ်ရန်ရှေ့ဆက်လိုသည့်ဆန္ဒရှိနေကြသည်။ “အဖွဲ့ဝင်နိုင်ငံအချို့က ရှေ့ဆက်ဖို့ဆန္ဒရှိနေကြပါတယ်။ဆုံးဖြတ်ချက်ကတော့အတည်မဖြစ်သေးပေမဲ့ ကျွန်တော့်အနေနဲ့ အပြုသဘောဆောင်တဲ့ အကောင်းမြင်မှုမျိုးရှိနေပါတယ်” ဟုဝန်ကြီးဘာရိုးက ဆိုသည်။ ကိုးကား Reuters #ရုရှားရေနံတင်ပို့မှု #ရေကြောင်းပို့ဆောင်ရေး #ပိတ်ပင်မှု #PSM_News Post navigation အမေရိကန်လက်ဝှေ့လောက အခြေအနေအတွက် မိုက်တိုက်ဆန် သတိပေး၊ လက်ဗေးဂတ်စ်တွင် အပျော်တမ်းပြိုင်ပွဲ စတင်ကျင်းပမည် ပူတင်သည် “စစ်ပွဲ၏ ကျွန်” သာဖြစ်ကြောင်း ဇလန်းစကီးက မြူးနစ်ညီလာခံတွင် ပြစ်တင်ရှုတ်ချ၊ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ တောင်းဆို