PSM(NEWS)

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကရုရှားသမ္မတ ဗလာဒီမာ ပူတင် ကို “စစ်ပွဲ၏ကျွန်”တစ်ဦးအဖြစ်မြူးနစ်လုံခြုံရေးညီလာခံတွင်ခေါ်ဆိုလိုက်ပြီးယူကရိန်းအတွက် ခိုင်မာသော လုံခြုံရေးအာမခံချက်များ ပေးရန်တိုက်တွန်းပြောကြားခဲ့သည်။

“သူ့ကိုယ်သူဇာဘုရင်တစ်ပါးလို ထင်မြင်နေနိုင်ပေမဲ့ လက်တွေ့မှာတော့ သူဟာ စစ်ပွဲရဲ့ကျွန်တစ်ယောက်သာဖြစ်ပါတယ်”ဟုဗိုလိုဒီမာဇလန်းစကီးကရုရှားခေါင်းဆောင်ကိုရည်ညွှန်းပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေးရယူရန်အခွင့်အရေးကိုလက်မလွှတ်ရန်နှင့်အမြန်ဆုံးအကောင်အထည်ဖော်ရန်အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် က တိုက်တွန်းထားမှုကြောင့် အနည်းငယ်ဖိအားဖြစ်မိကြောင်းဗိုလိုဒီမာဇလန်းစကီး က ဝန်ခံခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည်ရုရှားကိုလိုက်လျောရန် တောင်းဆိုမည့်အစား ယူကရိန်းကိုသာလိုက်လျောမှုများပြုလုပ်ရန် မကြာခဏတောင်းဆိုနေခြင်းကို ၎င်းက မကျေမနပ် ပြောဆိုခဲ့သည်။

အမေရိကန်က၁၅နှစ်သက်တမ်းရှိလုံခြုံရေးအာမခံချက်ပေးရန်အဆိုပြုထားသော်လည်းယူကရိန်းအနေဖြင့် အနည်းဆုံး အနှစ် ၂၀သက်တမ်းရှိအာမခံချက်ကို လိုလားနေသည်။

ရုရှား၏တိုက်ခိုက်မှုများကြောင့်ယူကရိန်းရှိလျှပ်စစ်ဓာတ်အားပေးစက်ရုံ အားလုံးနီးပါးထိခိုက်ပျက်စီးခဲ့ရသော်လည်းလျှပ်စစ်ဓာတ်အားကိုဆက်လက်ထုတ်လုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ကိုးကားThe Independent

#စစ်ပွဲ၏_ကျွန်

#ဇလန်းစကီး

#မြူးနစ်ညီလာခံ

#ပူတင်

#လုံခြုံရေးအာမခံချက်

#PSM_News

By Htet Ko