PSM(NEWS) ဖေဖော်ဝါရီလ ၁၆ ၊၂၀၂၆ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခဒဏ်သင့် ၁၇ နိုင်ငံမှ ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖိုး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီ (BBC) သို့ အတည်ပြု ပြောကြားခဲ့သည်။ ဤအကူအညီပေးရေး အစီအစဉ်သည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) နှင့် အမေရိကန်အစိုးရတို့ အကြား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MOU) အရ ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ MOUအရ အသက်အန္တရာယ်နှင့် လုံခြုံရေး စိုးရိမ်ရသူများကို အဓိကထား၍ အသက်ကယ်ဆယ်ရေး အကူအညီများ ပေးအပ်မည်ဖြစ်သည်။ ထို့အပြင် စုပေါင်းရန်ပုံငွေများနှင့် ဗဟိုအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေများမှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်သောကြောင့် အကူအညီများ ပိုမိုမြန်ဆန်စွာ ရောက်ရှိနိုင်မည်ဖြစ်သည်။ အဆိုပါ ရန်ပုံငွေသည် ပဋိပက္ခများကြောင့် အကူအည်အရေးတကြီး လိုအပ်နေသည့် မြန်မာနိုင်ငံ ရှိ စစ်ဘေးရှောင်ပြည်သူများနှင့် ဒုက္ခသည်များအတွက် အဓိကအထောက်အပံ့ ဖြစ်လာမည်ဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်၏ အဆိုအရ လိုအပ်ချက်များ ပြောင်းလဲလာမှုအပေါ် မူတည်၍ ပိုမိုမြန်ဆန်ပြီး လွယ်ကူသော နည်းလမ်းများဖြင့် တုံ့ပြန်ကူညီသွားမည်ဟု သိရသည်။ ကိုးကား BBC #မြန်မာ #ပဋိပက္ခဒဏ်သင့်_၁၇_နိုင်ငံ #လူသားချင်းစာနာမှုဆိုင်ရာ_အကူအညီ #ကုလသမဂ္ဂ #အမေရိကန် #ဒေါ်လာ_၂_ဘီလီယံ #အကူအညီ #PSM_News Post navigation ကံမ္မဈေးအတွင်း စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး မြန်မာစစ်ကော်မရှင်က တီမော-လက်စ်တေ(Timor-Leste ) ယာယီတာဝန်ခံသံအမတ်အား ထုတ်ပယ်၊ စစ်ရာဇဝတ်မှု အမှုဖွင့်မှုကြောင့် နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်