PSM(NEWS)

ဖေဖော်ဝါရီ ၁၄၊၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကံမ္မမြို့နယ်တွင် စစ်ကြောင်းထိုး နေသော စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ရာ ၃ ဦးသေဆုံးသွားကြောင်း Ayar Daung ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကမ္မရဲစခန်းမှထွက်လာသည့် စစ်ကော်မရှင်တပ်နှင့်ပျူစောထီးပူးပေါင်းအင်အား ၂၀၀ ကျော်ကို ကမ္မဈေးအတွင်း ပစ္စည်းများခိုးယူနေစဉ် တော်လှန်ရေးရဲဘော်များနှင့် ၄၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ ၃ ဦး နေရာတင်ပွဲခြင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာအများအပြားရရှိ သွားကြောင်း တပ်တွင်းသတင်းအရင်းမြစ်ဆီမှ ကနဦးသိရှိရသည်။

“ကျွန်တော်တို့ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိတ်ဖက်အဖွဲ့အစည်းများစွာနှင့် ဘုံရန်သူကိုအတူတကွ ရဲဘော်ရဲဘက်စိတ်ဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။” ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ယခု တိုက်ခိုက်မှုကို Ayar Daung နှင့် မဟာမိတ်တပ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#PSM

#ကမ္မ

By Htet Ko