Latest Post

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန် လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ဒေသအချို့၌ တောင်ကျချောင်းရေနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန်လို တံတားဦးလေတပ် တိုက်ခိုက်ခံရပြီး စစ်အုပ်စု စုဝေးရာနေရာကို တိုက်ရိုက်ထိမှန်သည့် ရုပ်သံသစ် ထွက်ပေါ်၊ လေကြောင်းလိုင်းများပါ တမင်တကာ ရပ်ဆိုင်း စစ်ရေးအကျပ်အတည်းကြောင့် KIA အပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန် အာဏာလုစစ်အုပ်စုက MPC လူဟောင်းများကို အသုံးချလာ

ချင်းတွင်းမြစ်ကြောင်းအတွင်း ကမ်းပါးပြိုမှုနှင့် ဂေဟစနစ်ပျက်စီးစေမည့် ရွှေမျှောလုပ်ငန်းများ မလုပ်ရန် ကနီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ သတိပေး 

PSM(News) ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် ကမ်းပါးပြိုမှုအန္တရာယ်နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည့် ရွှေမျှောလုပ်ငန်းများကို လုံးဝ (လုံးဝ) မလုပ်ကိုင်ကြရန် ကနီမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ထားသည်။ ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းများ လုပ်ကိုင်နေမှုကြောင့် မြစ်ကမ်းဘေးရှိ ကျေးရွာများတွင် ကမ်းပါးပြိုကျမည့်…

ကောလင်းခရိုင် PDF တပ်ရင်း (၄) မှ ရဲဘော်များ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား၍ တာဝန်ပြန်လည် ထမ်းဆောင်ရန် အကြောင်းကြား၊ တော်လှန်ရေး အရှိန်မြှင့်ရန် တပ်ရင်းအင်အား ပြန်လည်စုစည်းခြင်းဟုဆို

========= PSM (News) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ တော်လှန်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် အမြန်ဆုံး ပြီးမြောက်အောင်မြင်စေရေးအတွက် တပ်ရင်းအင်အားများ ပြန်လည်စုစည်းရန် ခွင့်လွန်၊ ခွင့်မဲ့ ဖြစ်နေသည့် ရဲဘော်များအားလုံး ပြန်လည် သတင်းပို့ တာဝန်ထမ်းဆောင်ကြရန် ကောလင်းခရိုင် တပ်ရင်းက အကြောင်းကြားစာ ထုတ်ပြန် ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ…

အစ္စရေးသမ္မတ၏ သြစတြေးလျခရီးစဉ် ဆန္ဒပြမှုများကြားတွင် ပြီးဆုံး

PSM (NEWS) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ်၏ လေးရက်တာခရီးစဉ်နောက်ဆုံးနေ့ဖြစ်သော ကြာသပတေးနေ့တွင် မဲလ်ဘုန်းမြို့၌ လူပေါင်း ၁၀,၀၀၀ ခန့် စုဝေးကာ အပြင်းအထန် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများသည် ဂါဇာစစ်ပွဲအတွင်း လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲကာ သမ္မတကို ဖမ်းဆီးရန် တောင်းဆိုခဲ့ကြပြီး မြို့လယ်လမ်းမများကို ပိတ်ဆို့ခဲ့ကြသည်။ ရဲတပ်ဖွဲ့သည်အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အထူးအာဏာသုံးကာ…

မင်နီဆိုတာပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေး အထူးနှိမ်နင်းရေးစီမံချက်ကို အဆုံးသတ်ရန် ဖက်ဒရယ်အာဏာပိုင်များ ဆုံးဖြတ်

PSM (NEWS)ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာ ပြည်နယ်အတွင်း လူအများအပြား ဖမ်းဆီးထိန်းသိမ်းခံရမှုများ၊ ကန့်ကွက်ဆန္ဒပြမှုများနှင့် လူသေဆုံးမှုဖြစ်စဉ်များ ဖြစ်ပွားစေခဲ့သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထူးနှိမ်နင်းရေးစီမံချက်ကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ နယ်စပ်ရေးရာအရာရှိချုပ် တွမ် ဟိုးမန်း က ကြာသပတေးနေ့တွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက စတင်ခဲ့သော “Operation Metro Surge” အမည်ရ…

ဂါဇာပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာဘီလီယံချီ အသုံးပြုမည့် စီမံကိန်းနှင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစည်းအဝေးကို သမ္မတ ဒေါ်နယ် ထရန့် ကြေညာမည်

PSM (NEWS)ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ ဂါဇာဒေသ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ အသုံးပြုမည့် စီမံကိန်းနှင့် ကုလသမဂ္ဂ (UN) က အသိအမှတ်ပြုထားသည့် တည်ငြိမ်ရေးတပ်ဖွဲ့များ စေလွှတ်မည့် အသေးစိတ်အစီအစဉ်ကို သမ္မတ ဒေါ်နယ် ထရန့် က လာမည့်အပတ်တွင် ကျင်းပမည့် ၎င်း၏ ပထမဆုံး ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) အစည်းအဝေးတွင် ထုတ်ဖော်ကြေညာမည်ဖြစ်ကြောင်း…

ကျောင်းဆရာ၊ ဆရာမများ၏ ပုံရိပ်များကို ဉာဏ်ရည်တုသုံး ပုံဖျက်ခြင်း များ ပျံ့နှံ့မှုကြောင့် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု စတင်

PSM(NEWS)ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ ဗြိတိန်နိုင်ငံ၊နော်ဖော့ခ် ရှိ ကျောင်းတစ်ခုမှ ဝန်ထမ်းများ၏ ဓာတ်ပုံများကို အသုံးပြု၍ ညစ်ညမ်းဝက်ဘ်ဆိုက်တစ်ခုတွင်အတုပြုလုပ်တင်ထားသည့် Deepfake ပုံရိပ်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။ အော်လ်ဒါမန် ပီးလ် အထက်တန်းကျောင်း မှ ဝန်ထမ်းများ၏လူမှုကွန်ရက်ပေါ်ရှိရုပ်ပုံအစစ်အမှန်များကိုယူဆောင်ကာဉာဏ်ရည်တု နည်းပညာဖြင့် ပုံဖျက်ထားသော“အကောင့်တု”များစွာကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အဆိုပါ လိင်ပိုင်းဆိုင်ရာပုံဖျက်ထားသည့်ပုံရိပ်များသည်အွန်လိုင်းတွင်ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီးကျောင်းသားများပင် မြင်တွေ့ခဲ့ရသည်ဟု သိရသည်။ အထက်ပါဖြစ်ရပ်နှင့် ပတ်သက်၍အဆိုပါကျောင်းအပါအဝင်ကျောင်းပေါင်းများစွာကို စုပေါင်းစီမံခန့်ခွဲနေသည့်…

မြောက်ဥက္ကလာပ ရွှေပေါက်ကံရဲစခန်းကို YA နှင့် ရန်ကုန်တိုင်း(ပကဖ) ပူးပေါင်းအဖွဲ့ မိုင်းဖြင့် တိုက်ခိုက်

PSM(News)ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ ရွှေပေါက်ကံနယ်မြေရဲစခန်းကို ရန်ကုန်မြို့ရှိတော်လှန်ရေးတပ်ဖွဲ့များက မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရွှေပေါက်ကံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက် ည ၁၁ နာရီ ၄၃ မိနစ်ဝန်းကျင်က စခန်းအပြင်သို့ ထွက်လာစဉ် ရဲစခန်းအရှေ့တည့်တည့်၌ ရှေ့ထွက်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Yangon Army (YA)…

You missed