Month: March 2026

ရန်ကုန်မြို့နယ်အချို့တွင် လေထုညစ်ညမ်းမှု အနီရောင်အဆင့်သို့ ရောက်ရှိ၊ မရမ်းကုန်း၊ အလုံနှင့် ရွှေဂုံတိုင်တို့တွင် ကျန်းမာရေးထိခိုက်နိုင်သည့်အဆင့် ဖြစ်နေ

PSM (News) မတ် ၇၊ ၂၀၂၆ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လေထုအတွင်း အမှုန်အမွှား (PM 2.5) ပါဝင်မှုနှုန်းသည် ကျန်းမာရေး ထိခိုက်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က အထူးသတိပေး ထုတ်ပြန်ထားသည်။ ယနေ့ မတ်လ ၇ ရက်၊ နံနက် ၁၁ နာရီ တိုင်းထွာချက်များအရ…

တောင်ကိုရီးယားနှင့် အမေရိကန် စစ်တပ်တို့သည် Patriot ဒုံးကျည်များကို အီရန်စစ်ပွဲသို့ ရွှေ့ပြောင်းရန် ဆွေးနွေးနေကြောင်း တောင်ကိုရီးယား ပြောကြား

PSM(NEWS) မတ်လ ၇၊ ၂၀၂၆ တောင်ကိုရီးယားနိုင်ငံတွင် အခြေစိုက်သည့် အမေရိကန်၏ Patriot ဒုံးကျည်ကာကွယ်ရေးစနစ်အချို့ကို အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် အသုံးပြုရန်အတွက် ရွှေ့ပြောင်းချထားခြင်း ရှိ၊ မရှိကို အမေရိကန်နှင့် တောင်ကိုရီးယားစစ်တပ်တို့ ဆွေးနွေးနေကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဂျိုးဟွန်းက သောကြာနေ့တွင် ပြောကြားလိုက်သည်။ အမေရိကန်၏ ဒုံးကျည်ဖြတ်တောက်ရေးစနစ် အချို့ကို တောင်ကိုရီးယားရှိ အခြားနေရာများမှ အိုဆန် လေတပ်စခန်းသို့…

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် LNG ဓာတ်ငွေ့တင် သင်္ဘောများ အာရှသို့ ဦးတည်ပြောင်းလဲလာ

PSM(NEWS) မတ် ၇၊ ၂၀၂၆ အရှေ့အလယ်ပိုင်း၌ ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသွားလာမှုများ ရပ်တန့်သွားပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး ဓာတ်ငွေ့ရောင်းချသူ ဖြစ်သည့် ကာတာနိုင်ငံ၏ ထောက်ပံ့မှုများ ပြတ်တောက်သွားခဲ့သည်။ ထိုအခြေအနေကြောင့် အာရှနိုင်ငံများတွင် ဓာတ်ငွေ့ရှားပါးမှုနှင့် ကြုံတွေ့နေရပြီး အစားထိုး ဓာတ်ငွေ့များ ရရှိရန်အတွက် အလုအယက် ရှာဖွေနေကြသည်။ ဥရောပသို့ ဦးတည်မောင်းနှင်နေသော LNG သင်္ဘောအချို့မှာ အာရှဈေးကွက်၏…

အီရန်နိုင်ငံအနေဖြင့် “ခြွင်းချက်မရှိ လက်နက်ချခြင်း” မရှိပါက မည်သည့်ဆွေးနွေးမှုမှ ပြုလုပ်မည်မဟုတ်ဟု ဒေါ်နယ်ထရမ့် အတိအလင်း ပြောကြား

PSM(NEWS) မတ် ၇ ၊ ၂၀၂၆ အရှေ့အလယ်ပိုင်း၌ စစ်ပွဲဖြစ်ပွားသည့် (၇) ရက်မြောက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် “ခြွင်းချက်မရှိ လက်နက်ချခြင်း” မရှိပါက မည်သည့် ဆွေးနွေးမှုမှ ပြုလုပ်မည် မဟုတ်ကြောင်း အတိအလင်း ပြောကြားလိုက်သည်။ လက်ရှိတွင် အစ္စရေးနှင့် အမေရိကန်တပ်ဖွဲ့များက အီရန်၏ စစ်ရေးစွမ်းရည်နှင့် ခေါင်းဆောင်မှုများကို ပစ်မှတ်ထား၍ အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။…

ကောလင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

PSM (News) မတ် ၆ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ် ဦး သေဆုံးပြီး နှစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ယမန့်နေ့ မတ်လ ၅ ရက်၊ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင်…