PSM (News) မတ် ၇၊ ၂၀၂၆ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လေထုအတွင်း အမှုန်အမွှား (PM 2.5) ပါဝင်မှုနှုန်းသည် ကျန်းမာရေး ထိခိုက်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က အထူးသတိပေး ထုတ်ပြန်ထားသည်။ ယနေ့ မတ်လ ၇ ရက်၊ နံနက် ၁၁ နာရီ တိုင်းထွာချက်များအရ ရန်ကုန်တိုင်း အလုံမြို့နယ်နှင့် ဗဟန်းမြို့နယ် ရွှေဂုံတိုင်တို့တွင် လေထုညစ်ညမ်းမှု အညွှန်းကိန်း AQI ၁၆၄ ရှိပြီး မရမ်းကုန်းမြို့နယ်တွင် AQI ၁၅၆ ရှိ၍ လေထုညစ်ညမ်းမှု အညွှန်းကိန်း အနီရောင်အဆင့် (Unhealthy) ရှိကြောင်း သိရသည်။ လေထုထဲတွင် PM 2.5 ကဲ့သို့သော အမှုန်အမွှားများနှင့် လေထုညစ်ညမ်းမှုကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်သည့် နှာခေါင်းနှင့် လည်ချောင်းတွင် ယားယံခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ကျပ်ရောဂါနှင့် ဓာတ်မတည့်မှုရောဂါများ ပိုမိုပြင်းထန်လာ နိုင်သည်။ ထို့အပြင် နာတာရှည်ရောဂါသည်များ၊ အဆုတ်ရောဂါအခံရှိသူများ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာနိုင်သည်ဟု သတိပေးထားသည်။ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင် မိခင်များသည် လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးပြဿနာများ ပိုမိုဖြစ်ပွားလွယ်ပြီး ကလေး ငယ်များ၏ အဆုတ်နှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအပေါ်လည်း ထိုက်ခိုက်မှုများ ဖြစ်ပေါ်နိုင်သည်။ လေထုညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်ရန်အတွက် N95 သို့မဟုတ် N99 စသည့် အရည် အသွေးကောင်းသော Mask များ အသုံးပြုတပ်ဆင်ရန်၊ ဖုန်မှုန့်များ အိမ်အတွင်း ဝင်ရောက်မလာစေရန် ပြတင်းပေါက်နှင့် တံခါးပေါက်များကို ပိတ်ထားရန်နှင့် အပြင်မှပြန်လာပါက မျက်နှာနှင့် လက်များကို စင်ကြယ်စွာ ဆေးကြောရန် MOHADM က အကြံပြုထားသည်။ #ရန်ကုန်မြို့နယ် #လေထုညစ်ညမ်းမှု #အနီရောင်အဆင့် #မရမ်းကုန်း #အလုံ #ရွှေဂုံတိုင် #ကျန်းမာရေးထိခိုက်နိုင် #PSM_News Post navigation ကောလင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ မင်းကွန်းတွင် စစ်ကော်မရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်ကြောင်းမှူးအပါအဝင် ၈ ဦး ဒဏ်ရာရပြီး ၄ ဦး သေဆုံးနိုင်