Month: February 2026

ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရက ယခင်အစိုးရလက်ထက် အာဏာရှင်ဆန်သော အုပ်ချုပ်မှုအပြီး ပြုပြင်ပြောင်းလဲရေးများ ဆက်လက်အကောင်အထည်ဖော်နေကြောင်း ထုတ်ပြန်

PSM(News) ဖေဖော်ဝါရီ ၈၊ ၂၀၂၆ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရသည် ယခင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) လက်ထက်ကာလအတွင်း ဖြစ်ပွားခဲ့သည့် အာဏာရှင်ဆန်သော အုပ်ချုပ်မှုအပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် အဖွဲ့အစည်းဆိုင်ရာ ပြိုကွဲမှုများကို ပြန်လည်ပြုပြင်ရန် အရေးပေါ် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏ အကြံပေးချုပ်ရုံးက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာသည်။ အဆိုပါ ထုတ်ပြန်ချက်အရ ၂၀၂၄…

မြန်မာစစ်ကော်မရှင်ကို ဖိအားပေးရန် ပိတ်ဆို့အရေးယူမှု နည်းလမ်းများ အသင့်ရှိနေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ပြောကြား

PSM(NEWS) ဖေဖော်ဝါရီလ ၈ ၊၂၀၂၆ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးသည် အီရန်နှင့် မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများသည် အမျိုးသားလုံခြုံရေးအတွက် အဓိကကျကြောင်း လွှတ်တော်တွင် တင်ပြခဲ့‌‌‌ကြောင်းသိရသည်။ အမေရိကန်ပြည်ထောင်စု၏ အီရန်နှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှု မူဝါဒများသည် ဝါရှင်တန်၏ အမျိုးသားလုံခြုံရေးနှင့် ကမ္ဘာ့ဘဏ္ဍာရေး တည်ငြိမ်မှုအတွက် အဓိကမဏ္ဍိုင်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့် က လွှတ်တော်အမတ်များအား…

အဆုံးသတ်တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

PSM(News) ဖေဖော်ဝါရီ ၈ ၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) သည် ၎င်းတို့၏ တပ်မှူးကြီး များအစည်းအဝေးကို ၅ ရက်တိုင်တိုင် ကျင်းပခဲ့ပြီးနောက် လက်ရှိကာလမှာ “အဆုံးသတ်တိုက်ပွဲ ဖော်ဆောင်တက်လှမ်းနိုင်ရေး ပြင်ဆင်နေသည့်ကာလ” ဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ အစည်းအဝေးကို ယခု ဖေဖော်ဝါရီလအတွင်း…

အမေရိကန်က စတင်တိုက်ခိုက်လာပါက ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်မည်ဟု အီရန်သတိပေး

PSM (NEWS)ဖေဖော်ဝါရီ ၈၊ ၂၀၂၆ ဒေသတွင်း၌ စုဖွဲ့ထားသည့် အမေရိကန်တပ်ဖွဲ့များက အီရန်ကို စတင်တိုက်ခိုက်လာပါက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက စနေနေ့တွင် သတိပေးပြောကြားခဲ့သည်။ သို့သော် ယင်းကဲ့သို့ ပြန်လည်တိုက်ခိုက်မှုသည် အဆိုပါ စစ်အခြေစိုက်စခန်းများကို လက်ခံထားသည့် အိမ်ရှင်နိုင်ငံများကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်းကိုလည်း အီရန်ဘက်က အလေးထားပြောဆိုခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ဂ်ချီ သည်…

အမေရိကန်က လာမည့်ဇွန်လအတွင်း ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် တွန်းအားပေးနေစဉ် မော်စကိုတွင် ရုရှားအဆင့်မြင့်ဗိုလ်ချုပ်ကြီးတစ်ဦး ပစ်ခတ်ခံရ

PSM (NEWS)ဖေဖော်ဝါရီ ၈၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုသည် လာမည့်လအစောပိုင်းတွင် ရုရှားနှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ရရှိနိုင်ရေးကို တွန်းအားပေးလုပ်ဆောင်နေကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။ ယူကရိန်းညှိနှိုင်းရေးမှူးများနှင့် အမေရိကန်အရာရှိများသည် ယခုသီတင်းပတ်အတွင်း အဘူဒါဘီမြို့၌ ကျင်းပသည့် ဆွေးနွေးပွဲများတွင် အဆိုပါရည်မှန်းချက်ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သို့သော် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အဓိကပြဿနာများအပေါ် နှစ်ဖက်ကြား သဘောထားကွဲလွဲမှုများ ဆက်လက်ရှိနေသဖြင့် သဘောတူညီချက်ရရှိမည့်…