Latest Post

တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန် လောင်းလုံးတွင် အာဏာလု စစ်ကြောင်း ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ များပြား တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ဒေသအချို့၌ တောင်ကျချောင်းရေနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန်လို တံတားဦးလေတပ် တိုက်ခိုက်ခံရပြီး စစ်အုပ်စု စုဝေးရာနေရာကို တိုက်ရိုက်ထိမှန်သည့် ရုပ်သံသစ် ထွက်ပေါ်၊ လေကြောင်းလိုင်းများပါ တမင်တကာ ရပ်ဆိုင်း စစ်ရေးအကျပ်အတည်းကြောင့် KIA အပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန် အာဏာလုစစ်အုပ်စုက MPC လူဟောင်းများကို အသုံးချလာ

ထိုင်ဝမ်၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်သွားမည်ဟု သမ္မတ လိုင်ချင်းတယ် တရုတ်နှစ်သစ်ကူးသဝဏ်လွှာတွင် ကတိပြု

PSM(NEWS) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆ ထိုင်ဝမ်ကျွန်း၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် လာမည့်နှစ်အတွင်း ကာကွယ်ရေဆိုင်ရာ ကြိုးပမ်းမှုများကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် တရုတ်နှစ်သစ်ကူး သဝဏ်လွှာတွင် ပြောကြားခဲ့သည်။ သမ္မတလိုင်ချင်းတယ်သည်တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုကိုတုံ့ပြန်ရန်အတွက်ကာကွယ်ရေးအသုံးစရိတ်အဖြစ်ဒေါ်လာ၄၀ဘီလီယံထပ်မံသုံးစွဲရန်အဆိုပြုထားသည်။ သို့သော်လွှတ်တော်တွင်အများစုအနိုင်ရထားသည့် အတိုက်အခံပါတီများက ယင်းအဆိုပြုချက်ကို ပြန်လည်သုံးသပ်ရန်ငြင်းဆန်ထားပြီး ကုန်ကျစရိတ်သက်သာသည့် ကိုယ်ပိုင်အစီအစဉ်များကိုသာ ရှေ့တန်းတင်နေသည်။ ထိုင်ဝမ်အလယ်ပိုင်းတောင်တန်းရှိအရေးကြီးသောရေဒါစခန်းတစ်ခုတွင်ရိုက်ကူးထားသည့်မိန့်ခွန်း၌ နိုင်ငံကိုအချိန်ပြည့်ကာကွယ်ပေးနေသည့်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုသမ္မတကကျေးဇူးတင်စကား ပြောကြားခဲ့သည်။…

ဟယ်ရီ ကိန်း ၏ သွင်းဂိုး ၅၀၀ ပြည့်မှတ်တိုင်နှင့်အတူ ဘိုင်ယန်မြူးနစ် ဂိုးပြတ်အနိုင်ရကာ ဇယားထိပ်တွင် ဆက်လက်ဦးဆောင်

PSM(NEWS) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟယ်ရီ ကိန်းသည် စနေနေ့က ကစားခဲ့သည့် ဝါဒါဘရီမင် (Werder Bremen)နှင့်ပွဲတွင် ၎င်း၏ ကစားသမားဘဝ သွင်းဂိုး ၅၀၀ ပြည့်မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ် (Bayern Munich) အသင်းကလည်း ၃-၀ ဂိုးဖြင့် အနိုင်ရကာ ဘွန်ဒက်စ်လီဂါ (Bundesliga) ဇယားထိပ်တွင် အမှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့သည်။…

မြန်မာအပါအဝင် ၁၇ နိုင်ငံအတွက် အမေရိကန်က ဒေါ်လာ ၂ ဘီလီယံ ကူညီမည်

PSM(NEWS) ဖေဖော်ဝါရီလ ၁၆ ၊၂၀၂၆ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခဒဏ်သင့် ၁၇ နိုင်ငံမှ ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖိုး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီ (BBC) သို့ အတည်ပြု ပြောကြားခဲ့သည်။ ဤအကူအညီပေးရေး အစီအစဉ်သည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) နှင့် အမေရိကန်အစိုးရတို့…

အမေရိကန်က ပိတ်ဆို့မှုများ ရုပ်သိမ်းရေး ဆွေးနွေးမည်ဆိုပါက နျူကလီးယားသဘောတူညီချက်အတွက် လိုက်လျောမှုများ ပြုလုပ်ရန် အီရန်အဆင်သင့်ဖြစ်ဟုဆို

PSM(NEWS) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ အကယ်၍ အမေရိကန်ပြည်ထောင်စု အနေဖြင့်စီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းပေးရေးကိစ္စကိုဆွေးနွေးရန်ဆန္ဒရှိပါကနျူကလီးယားဘောတူညီချက်ရရှိရန်လိုက်လျောမှုများကိုစဉ်းစားသွားရန် အသင့်ရှိကြောင်း အီရန်နိုင်ငံခြားရေးဒုတိယဝန်ကြီး မဂျစ် တာ့ခ်-ရာဗန်ချီကဘီဘီစီနှင့်အင်တာဗျူးတွင်ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့ကထုတ်ပြန်ခဲ့သည့်အဆိုပါအင်တာဗျူးတွင်၎င်းကဝါရှင်တန်ဒီစီအနေဖြင့် ပိတ်ဆို့မှုများအား ပြန်လည်သုံးသပ်မည်ဆိုပါကနှစ်ဦးနှစ်ဖက်သဘောတူညီမှုရရှိရန်အတွက်အပေးအယူလုပ်ရန်အီရန်ဘက်က ပြင်ဆင်ထားကြောင်းအလေးပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။ ကိုးကား Reuters #နျူကလီးယားသဘောတူညီချက် #အီရန် #စီးပွားရေးပိတ်ဆို့မှု #ရုပ်သိမ်း #သဘောတူညီမှု #PSM_News

ပူတင်သည် “စစ်ပွဲ၏ ကျွန်” သာဖြစ်ကြောင်း ဇလန်းစကီးက မြူးနစ်ညီလာခံတွင် ပြစ်တင်ရှုတ်ချ၊ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ တောင်းဆို

PSM(NEWS) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကရုရှားသမ္မတ ဗလာဒီမာ ပူတင် ကို “စစ်ပွဲ၏ကျွန်”တစ်ဦးအဖြစ်မြူးနစ်လုံခြုံရေးညီလာခံတွင်ခေါ်ဆိုလိုက်ပြီးယူကရိန်းအတွက် ခိုင်မာသော လုံခြုံရေးအာမခံချက်များ ပေးရန်တိုက်တွန်းပြောကြားခဲ့သည်။ “သူ့ကိုယ်သူဇာဘုရင်တစ်ပါးလို ထင်မြင်နေနိုင်ပေမဲ့ လက်တွေ့မှာတော့ သူဟာ စစ်ပွဲရဲ့ကျွန်တစ်ယောက်သာဖြစ်ပါတယ်”ဟုဗိုလိုဒီမာဇလန်းစကီးကရုရှားခေါင်းဆောင်ကိုရည်ညွှန်းပြောဆိုခဲ့သည်။ ငြိမ်းချမ်းရေးရယူရန်အခွင့်အရေးကိုလက်မလွှတ်ရန်နှင့်အမြန်ဆုံးအကောင်အထည်ဖော်ရန်အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် က တိုက်တွန်းထားမှုကြောင့် အနည်းငယ်ဖိအားဖြစ်မိကြောင်းဗိုလိုဒီမာဇလန်းစကီး က ဝန်ခံခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည်ရုရှားကိုလိုက်လျောရန် တောင်းဆိုမည့်အစား ယူကရိန်းကိုသာလိုက်လျောမှုများပြုလုပ်ရန်…

ရုရှားရေနံအပေါ် G7 နိုင်ငံများ၏ ရေကြောင်းပို့ဆောင်ရေး ပိတ်ပင်မှုအပေါ် ပြင်သစ်အကောင်းမြင်

PSM(NEWS) ဖေဖော်ဝါရီ ၁၅၊၂၀၂၆ ရုရှားရေနံများအားရေကြောင်းဝန်ဆောင်မှုပေးခြင်းကို ပိတ်ပင်မည့်ကိစ္စနှင့် ပတ်သက်၍ စက်မှုထိပ်သီး ၇ နိုင်ငံ (G7) အတွင်း သဘောတူညီမှုရရှိရန် “မျှော်လင့်ချက်ရှိသည်” ဟုပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်း နိုဝဲလ် ဘာရိုး က စနေနေ့တွင်ပြောကြားလိုက်သည်။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကျင်းပသည့်G7နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးတွင် ဝန်ကြီးကသတင်းထောက်များကို ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါရေကြောင်ဝန်ဆောင်မှုပိတ်ပင်ခြင်းအစီအစဉ်ကို ဥရောပသမဂ္ဂ (EU) ၏…

အမေရိကန်လက်ဝှေ့လောက အခြေအနေအတွက် မိုက်တိုက်ဆန် သတိပေး၊ လက်ဗေးဂတ်စ်တွင် အပျော်တမ်းပြိုင်ပွဲ စတင်ကျင်းပမည်

PSM (NEWS) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုက်ဆန်က လက်ရှိ အမေရိကန်လက်ဝှေ့လောက အခြေအနေမှာ ကျဆင်းလျက်ရှိကြောင်း သတိပေးပြောကြားခဲ့ပြီး လက်ဝှေ့အားကစားကို ပြန်လည်လှုံ့ဆော်မြှင့်တင်နိုင်ရန် “မိုက်တိုက်ဆန် ဖိတ်ခေါ်ဖလား” (Mike Tyson Invitational) အမည်ရှိ အပျော်တမ်းလက်ဝှေ့ပြိုင်ပွဲသစ်ကို လာမည့် မတ်လတွင် စတင်ကျင်းပသွားမည် ဖြစ်သည်။ အသက် ၅၉ နှစ်အရွယ်ရှိ တိုက်ဆန်သည်…

You missed