PSM (News)

ဧပြီ ၉ ၊ ၂၀၂၆

လာမည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများအားလုံး ကျန်းမာဘေးကင်းပြီး အမြန်ဆုံး လွတ်မြောက်လာစေရန် မြန်မာတစ်နိုင်ငံ လုံးရှိ ပြည်သူများ ပူးပေါင်းပါဝင် ဆုတောင်းမေတ္တာပို့သပေးကြပါရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က ယနေ့ ဧပြီ ၉ ရက်တွင် ပန်ကြားလိုက်သည်။

လာမည့် ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) နှစ်သစ်ကူးအခါသမယတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာစေရန်နှင့် အမြန်ဆုံး လွတ်မြောက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ တိုက်တွန်းနှိုးဆော်ရခြင်းဖြစ်ကြောင်း သိရသည်။

လာမည့် ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) နှစ်သစ်ကူးအခါသမယတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာစေရန်နှင့် အမြန်ဆုံး လွတ်မြောက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ တိုက်တွန်းနှိုးဆော် ရခြင်းဖြစ်ကြောင်း သိရသည်။

NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့၏ ပန်ကြားလွှာတွင် ပြည်သူများအနေဖြင့် သပြေပန်း၊ နှင်းဆီပန်း (သို့မဟုတ်) မိမိတို့ ကြိုက်နှစ်သက်ရာ ပန်းများကို ကိုင်ဆောင်၍သော်လည်းကောင်း၊ ပန်ဆင်၍ သော်လည်းကောင်း ၁ မိနစ်ခန့် ဆုမွန်ကောင်းတောင်းနေသည့် ဗွီဒီယိုဖိုင်များကို ရိုက်ကူးကာ မိမိတို့၏ လုံခြုံရေးအခြေအနေပေါ် မူတည်၍ လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်တွင် ဖော်ပြပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ထို့ပြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကျန်းမာစေရန်နှင့် ဘေးဘယာ ဒုက္ခအန္တရာယ် အသွယ်သွယ်မှ ကင်းဝေးကြစေရန်အတွက်လည်း ဆုတောင်းမေတ္တာပို့သပေးကြရန် NLD လူငယ် များက လေးနက်စွာ တိုက်တွန်းထားသည်။

လက်ရှိတွင် အရပ်သားအစိုးရ NLD ထံမှ အဓမ္မအာဏာသိမ်းယူထားသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသား အမြောက်အမြားကို မတရား ဖမ်းဆီးချုပ်နှောင်ထားဆဲ ဖြစ်သည်။

ပုံစာ-နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *