PSM NEWS ဧပြီလ ၉ ရက် ၊ ၂၀၂၆ “ကချင်မြေကိုလာပါ တကယ်ပျော်တယ်နော်” ဟူသော “မနောမြေမှတေးသံသာ” တေးသီချင်းဖြင့် ပရိသတ်များအကြား ရေပန်းစားခဲ့သည့် ကချင်တိုင်းရင်းသား တေးသံရှင် ဂျက်ဆန်ထွန်း (ခ) Lahtaw Zau Lum သည် တရုတ်နိုင်ငံတွင် ဆေးကုသမှု ခံယူနေရင်း ယနေ့ ဧပြီ ၉ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ တေးသံရှင် ဂျက်ဆန်ထွန်းသည် ပြီးခဲ့သည့် သီတင်းပတ်က ဦးနှောက်သွေးကြောပြတ် ဝေဒနာခံစားခဲ့ ရပြီးနောက် တရုတ်နိုင်ငံရှိ ဆေးရုံတစ်ခုတွင် တစ်ပတ်ခန့်ကြာ ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်သွား ခြင်းဖြစ်ကြောင်း ကချင်ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြထားသည်။ ဂျက်ဆန်ထွန်းသည် ကချင်ရိုးရာဂီတနှင့် ခေတ်ပေါ်တေးသီချင်းများကို ပေါင်းစပ်ဖန်တီးနိုင်သူ ဖြစ်သောကြောင့် တိုင်းရင်းသား ပရိသတ်များသာမက တစ်နိုင်ငံလုံးရှိ ဂီတချစ်သူများကပါ ချစ်ခင်အားပေးခြင်း ခံခဲ့ရသည့် အနုပညာရှင်တစ်ဦး ဖြစ်သည်။ ၎င်းကွယ်လွန်သွားသည့်အတွက် ကချင်အနုပညာရှင်များ၊ တော်လှန်ရေးအင်အားစုများနှင့် ပရိသတ် များကလူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ဝမ်းနည်းပူဆွေးကြောင်း ရေးသားဖော်ပြလျက်ရှိသည်။ ကွယ်လွန်ချိန်တွင် ဂျက်ဆန်ထွန်းသည် အသက် (၄၆) နှစ်ဝန်းကျင်ခန့် ရှိပြီဖြစ်သည်။ ဓာတ်ပုံ-လူမှုကွန်ရက် Post navigation ကော့သောင်းတွင် ကင်းလှည့်လာသည့် စစ်ကော်မရှင်ရေယာဉ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိနာကာ ဆုတ်ခွာထွက်ပြေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမည်ခံသမ္မတအဖြစ် ကျမ်းကျိန်၍ အစိုးရသစ်ဖွဲ့၊ ကာလုံအဖွဲ့သစ်ကို စိတ်ကြိုက်ပြင်ဆင်ပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကို အာဏာမဲ့နေရာသို့ ရွှေ့ပြောင်း