PSM(NEWS) ဧပြီ ၅ ၊၂၀၂၆ ယူအက်ဖ်စီ (UFC) ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျော့ရှုအာဗန် သည် လာမည့် UFC 327 ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရမည့် ၎င်း၏ ချန်ပီယံခါးပတ်ကာကွယ်ပွဲမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း သတင်းထောက် ဂီလ်ဟာမီခရုဇ် ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာနွယ်ဖွား ချန်ပီယံ ဂျော့ရှုအာဗန် သည် လာမည့် ဧပြီလ ၁၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့၌ ဂျပန်နိုင်ငံသား တပ်ဆူရိုတိုင်ရာ နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက အလက်ဇန်းဒါးပန်တိုဂျာ ကို အနိုင်ယူကာ ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုပွဲစဉ်သည် ၎င်းအတွက် ပထမဆုံးအကြိမ် ချန်ပီယံခါးပတ်ကာကွယ်ပွဲလည်း ဖြစ်သည်။ လတ်တလောတွင် UFC တာဝန်ရှိသူများသည် ဂျော့ရှုအာဗန် ၏ နေရာတွင် အစားထိုးယှဉ်ပြိုင်ရန် မန်နယ်လ်ကေ့ပ် ကဲ့သို့သော ကစားသမားများကို စဉ်းစားလျက်ရှိသည်။ သို့သော် မန်နယ်လ်ကေ့ပ် သည် လာမည့် ဇွန်လတွင် ကျိုဂျီဟိုရီဂူချီ နှင့် ထိုးသတ်ရန် ပွဲစဉ်သတ်မှတ်ပြီးသားဖြစ်၍ အစားထိုးကစားသမား အတည်ပြုနိုင်ရေးအတွက် စောင့်ကြည့်ရဦးမည်ဖြစ်သည်။ UFC 327 ၏ အဓိကခေါင်းတင်ပွဲစဉ် (Main Event) အဖြစ် ယီရီပရိုချက်ဇ်ကာ နှင့် ကားလို့စ်အာလ်ဘာ့ဂ် တို့၏ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံလုပွဲကို ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။ EDITED – ပြောင်းလဲသွားတဲ့ အစီအစဉ်သစ်အရ ပွဲကျင်းပမည့်နေ့ကို မူလက ဧပြီ ၁၁ ရက် (UFC 327) မှာ ထိုးသတ်ရမှာ ဖြစ်ပေမဲ့ ယခုအခါ မေလ ၉ ရက် (စနေနေ့) သို့ ပြောင်းလဲသွားပြီး ပွဲစဉ် UFC 328 မှာ ထည့်သွင်း ကျင်းပသွားမှာဖြစ်ပါကြောင်းနှင့် ကျင်းပမည့်နေရာကို မိုင်ယာမီကနေ နယူးဂျာစီပြည်နယ်၊ နယူးဝါ့ခ်မြို့ရှိ Prudential Center ကို ပြောင်းလဲ ကျင်းပမှာ ဖြစ်ကြောင်း သိရပါသည်။ ကိုးကား – Bloodyelbow.com Post navigation စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူးရယူလိုက်သော်လည်း ရာဇဝတ်မှုများအတွက် တာဝန်ခံမှုမှ ကင်းလွတ်ခွင့်မရနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ သတိပေး ဆောမြို့တွင် သက်ငယ်မုဒိမ်းကျူးလွန်ကာ လူသတ်အလောင်းဖျောက်သူကို NUG မြို့နယ်တရားရုံးက သေဒဏ်ပေး