PSM (News)

စက်တင်ဘာ ၅၊၂၀၂၆

တောင်ကိုရီးယားနိုင်ငံ၌ စင်တာ ၁၂ ခုဖွင့်လှစ်ကာ လူပေါင်း ၁၀၀ ကျော်ထံမှ ကိုရီးယားဝမ် ၁၀ ဘီလီယံကျော် (ထိုင်းဘတ်ငွေ သန်း ၂၅၀ ခန့်) ကို လိမ်လည်ခဲ့သည့် “Lucky Nine” ရင်းနှီးမြှုပ်နှံမှု ငွေလိမ်ဂိုဏ်းနှင့် ဆက်စပ်သူ ကိုရီးယားနိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

အဆိုပါ တရားခံသည် တောင်ကိုရီးယားနိုင်ငံမှ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး ဗီဇာသက်တမ်း ၂၆၀ ရက်ကျော်လွန်ကာတရားမဝင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် နွန်ထဘီခရိုင်ရှိ ဇိမ်ခံကွန်ဒိုမီနီယံတစ်ခု၌ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကိုးကား-Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *