PSM (News) စက်တင်ဘာ ၅၊ ၂၀၂၆ မေဟောင်ဆွန်ခရိုင်၊ ခွန်ယုမ်းဆေးရုံမှ အခြားဆေးရုံသို့ လူနာလွှဲပြောင်းစဉ် ကိုယ်ဝန်ဆောင်ဇနီးနှင့် ဗိုက်ထဲကရင်သွေးငယ် သေဆုံးခဲ့ရသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူက စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုနေကြောင်း သိရသည်။ စက်တင်ဘာ ၁ ရက်တွင် မီးဖွားရန်ရှိသည့် အသက် ၂၈ နှစ်အရွယ် ဇနီးဖြစ်သူအား ယခင်နေ့က မီးဖွားရန် ဆေးဝါးဖြင့် စတင်ကုသပေးခဲ့ပြီးနောက် ညပိုင်းတွင် ကျောနှင့် ဝမ်းဗိုက် ပြင်းထန်စွာနာကျင်ကာ အော့အန်သဖြင့် ခွန်ယုမ်းဆေးရုံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ခင်ပွန်းဖြစ်သူက ပြောသည်။ ဒေသတွင်း ခွဲစိတ်ကုသမှု မရှိသဖြင့် မေဟောင်ဆွန်မြို့ပေါ်သို့ လွှဲပြောင်းရန် ဆုံးဖြတ်ခဲ့သော်လည်း နံနက် ၁၀ နာရီခန့်တွင် လူနာတင်ယာဉ် ထွက်ခွာပြီး ၁၀ မိနစ်အကြာ၌ ဇနီးဖြစ်သူ သတိလစ်သွားခဲ့သည်။ ထို့ကြောင့် ခွန်ယုမ်းဆေးရုံသို့ ပြန်လှည့်ကာ အရေးပေါ်ကုသခဲ့သော်လည်း နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် မိခင်ဖြစ်သူနှင့် ဗိုက်ထဲကရင်သွေးငယ်တို့ သေဆုံးသွားခဲ့သည်။ အဆိုပါ လွှဲပြောင်းမှု အချိန်ကြန့်ကြာမှု ရှိမရှိ စုံစမ်းစစ်ဆေးပေးရန် ၎င်းက ရဲစခန်းနှင့် ပဗီနာ ဟုန်ဆာကူ ဖောင်ဒေးရှင်းတို့တွင် အကူအညီတောင်းခံထားသည်။ ခွန်ယုမ်းဆေးရုံကမူ မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး မှတ်တမ်းများကို ပြန်လည်စစ်ဆေးကာ ရင်ခွဲစစ်ဆေးမှု ရလဒ်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။ ကိုးကား-Khaosod Post navigation ကိုရီးယား ဝမ် ၁၀ ဘီလီယံကျော် လိမ်လည်ခဲ့သည့် “Lucky Nine” ငွေလိမ်ဂိုဏ်းနှင့် ဆက်စပ်သူ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ ဆီးရီးယားနိုင်ငံသစ်တွင် အမျိုးသမီး တိုက်ခိုက်ရေးတပ်ဖွဲ့ (YPJ) ၏ အခန်းကဏ္ဍ မရေရာမှုနှင့် ရင်ဆိုင်နေရ