PSM (News) စက်တင်ဘာ ၄ ၊၂၀၂၆ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသော နီပေါနိုင်ငံတွင် ရေဘေးကြောင့် ပျက်စီးသွားသော နေအိမ် ၂၀,၀၀၀ ခန့်ကို လုံခြုံစိတ်ချရသည့် နေရာသစ်များတွင် ပြန်လည်တည်ဆောက်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၃ ရက်နေ့တွင် ပြောကြားလိုက်သည်။ ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့သော ရေခဲမြစ်ပြိုကျမှုကြောင့် တရုတ်နိုင်ငံနယ်စပ်အနီး ဒေသများသို့ ရေခဲ၊ ကျောက်တုံးနှင့် ရွှံ့ညွန်များ ဝင်ရောက်လာခဲ့ကာ ကျေးရွာများနှင့် လူနေရပ်ကွက်များကို ပျက်စီးစေခဲ့ခြင်းဖြစ်သည်။ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် နီပေါနိုင်ငံတွင် အနည်းဆုံး လူ ၁,၂၅၂ ဦး သေဆုံးခဲ့ပြီး၊ လူ ၄,၂၀၀ ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်ကာ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကျွမ်းကျင်ပညာရှင်များသည် ရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းများအတွင်း ပိတ်မိနေသူများကို ဆက်လက်ရှာဖွေလျက် ရှိသည်။ နိုင်ငံတကာမှ အကူအညီများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး၊ ရေဘေးသင့် ကလေးငယ်များအတွက် ပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း အရေးပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကိုးကား-Reuters Post navigation ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိနိုင်ခြေရှိဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင် ပြောကြား ကိုရီးယား ဝမ် ၁၀ ဘီလီယံကျော် လိမ်လည်ခဲ့သည့် “Lucky Nine” ငွေလိမ်ဂိုဏ်းနှင့် ဆက်စပ်သူ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ