PSM (News) စက်တင်ဘာ ၆၊၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတအား လုပ်ကြံမည်ဟု ခြိမ်းခြောက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်ခံရပြီး တစ်ရက်အကြာ စနေနေ့တွင် ဒုတိယသမ္မတ ဆာရာ ဒူတာတေ-ကာပီယိုသည် မနီလာမြို့ တရားရုံးတွင် ငွေအာမခံဖြင့်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ ယခု တရားရင်ဆိုင်ရမှုသည် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဆာရာ ဒူတာတေ-ကာပီယို၏ အစီအစဉ်ကို ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေနေပြီး၊ ဆီးနိတ်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှု ကြားနာပွဲမှာလည်း ၁၀ ပတ်မြောက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သမ္မတ ဖာဒီနန် မာကို့စ် ဂျူနီယာ၊ ဇနီးဖြစ်သူနှင့် လွှတ်တော်အမတ်ဝမ်းကွဲတစ်ဦးတို့ကို သူမအနေဖြင့် ပထမဆုံး အသတ်ခံရပါက သတ်ဖြတ်ခိုင်းရန် လူသတ်သမား ငှားရမ်းခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့မှုမှ အဆိုပါ “ပြင်းထန်သော ခြိမ်းခြောက်မှုများ” အတွက် ဒူတာတေ-ကာပီယိုကို ပြီးခဲ့သည့်လက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ၏ ပြောဆိုချက်များကို အလွဲသုံးစားလုပ်ခံခဲ့ရကြောင်း နောက်ပိုင်းတွင် သူမက ပြန်လည်ရှင်းလင်းခဲ့သည်။ “ဒုတိယသမ္မတကိုယ်တိုင်က ဝရမ်းထုတ်ပေးတဲ့ တရားရုံးကို ဆန္ဒအလျောက် လာရောက်ခဲ့တာဖြစ်လို့ သူမကို ဖမ်းဆီးစရာ မလိုပါဘူး” ဟု ဒူတာတေ-ကာပီယိုသည် ငွေအာမခံတင်ထားကြောင်း အတည်ပြုသည့် တရားရုံးအမိန့်စာကိုင်ကာ ဒေသဆိုင်ရာ တရားရုံးမှ ထွက်လာပြီးနောက် သူမ၏ ရှေ့နေ လောရင့်စ် လင် က ပြောကြားခဲ့သည်။ တရားရုံးအတွင်းသို့ မဝင်ရောက်မီ ဒူတာတေ-ကာပီယိုက သူမ၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြောင်း သတင်းထောက်များကို ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ လုပ်ကြံသတ်ဖြတ်ရန် ခြိမ်းခြောက်သည်ဆိုသော စွပ်စွဲချက်သည် ဆီးနိတ်လွှတ်တော်၏ လက်ရှိ စွပ်စွဲပြစ်တင်မှု ကြားနာပွဲတွင် အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီး၊ အပြစ်ရှိကြောင်း အမိန့်ချမှတ်ခံရပါက သူမသည် ရာထူးမှ ဖယ်ရှားခံရမည်ဖြစ်ကာ နိုင်ငံရေးမှ အပြီးအပိုင် ပိတ်ပင်ခံရမည်ဖြစ်သည်။ ကိုးကား-SCMP Post navigation တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အမေရိကန်ခရီးစဉ်တွင် စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့ကြီး ပါဝင်လာမည် နီပေါရေဘေး – ၁၀ ရက်အကြာ ဥမင်လိုဏ်ခေါင်းအတွင်းမှ တရုတ်နိုင်ငံသားနှင့် အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့