PSM (News)

စက်တင်ဘာ ၅၊၂၀၂၆

အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွများကို အပြတ်အသတ် တိုက်ထုတ်ခဲ့သည့် နာမည်ကျော် ကာဒ်အမျိုးသမီး တိုက်ခိုက်ရေးတပ်ဖွဲ့ (YPJ) သည် ဆီးရီးယားအစိုးရသစ်၏ လုံခြုံရေးပြုပြင်အပြောင်းအလဲများကြားတွင် ၎င်းတို့၏ တိုက်ခိုက်ရေး အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ယခင် ဘာရှာအယ်လ်အာဆတ် အစိုးရ ကျဆုံးသွားပြီးနောက် အာဏာပိုင်အသစ်များက လက်နက်ကိုင်အုပ်စုများကို နိုင်ငံတော် အဖွဲ့အစည်းများအတွင်းသို့ သွတ်သွင်းလျက်ရှိသည်။ သို့သော် ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနတွင် အမျိုးသမီး နေရာ ပါဝင်ခြင်းမရှိဘဲ YPJ တပ်ဖွဲ့၏ စစ်တပ်အတွင်း ဝင်ရောက်လိုသည့် အဆိုပြုချက်ကိုလည်း အစိုးရဘက်က ပယ်ချခဲ့သည်။

ယခုအခါ YPJ တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့များတွင် ဝင်ရောက်ာဝန်ထမ်းဆောင်ရန် ဆက်လက်ဆွေးနွေးလျက်ရှိပြီး ဆီးရီးယားအာဏာပိုင်များ၏ လုံခြုံရေးပြင်ဆင်မှုများအပေါ် ကာဒ်လူမျိုးများ၏ စိုးရိမ်သံသယမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *