PSM (News) ဧပြီ ၄ ၊ ၂၀၂၆ အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ကို ၎င်း၏လက်ဝေခံ လွှတ်တော်ကိုယ်စားလှယ် များက ဧပြီ ၃ ရက်တွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ထိုသို့ သမ္မတအဖြစ်တင်မြှောက်လိုက်သော်လည်း ၎င်းကျူးလွန်ခဲ့သည့် ကြီးလေးသော နိုင်ငံတကာ ဥပဒေချိုးဖောက်မှုများအတွက် တရားစွဲဆိုခံရခြင်းမှ အကာအကွယ်ပေးနိုင်လိမ့်မည်မဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့( Amnesty International-AI) က ထုတ်ပြန် သတိပေးလိုက်သည်။ “မင်းအောင်လှိုင်အနေနဲ့ အရပ်သားရာထူးအမည်ခံလိုက်တာက သူ့ကို တရားစွဲဆိုမှုတွေကနေ အကာအကွယ်ပေးလိမ့်မယ်လို့ ထင်နေရင် ဒါဟာ နိုင်ငံတကာ တရားမျှတမှုရဲ့ လုပ်ထုံးလုပ်နည်း မဟုတ်ဘူးဆိုတာ ပြောချင်ပါတယ်။ သူဟာ စစ်ဝတ်စုံကို အရပ်ဝတ်နဲ့ လဲလှယ်လိုက်ပေမယ့် မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာဥပဒေအရ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိ မှုကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး” Al ၏ မြန်မာနိုင်ငံဆိုင်ရာ သုတေသနအရာရှိ ဂျိုးဖရီးမန်းက ဟု ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းနှင့် ယခင်ကတည်းက စစ်တပ်၏ အကြမ်းဖက်မှုများကို ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက်မူ ၎င်းတို့ကို နှိပ်စက်ညှဉ်းပန်းခဲ့သူအား ထိုက်သင့်သည့် အပြစ်ဒဏ်ပေးနိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ သမ္မတရာထူးအထိ တရားဝင် တိုးမြှင့်ပေးလိုက်ရခြင်းမှာ များစွာ နာကျင်စရာကောင်းလှသည်။ ထို့အပြင် ကျူးလွန်ထားသည့် ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ခတ်ခြင်းမခံရဘဲ ပြစ်ဒဏ်မှ လွတ်မြောက်နေသည့် ယဉ်ကျေးမှုသည်လည်း နိုင်ငံအတွင်း ပိုမိုအမြစ်တွယ်လာမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။” လက်ရှိတွင် နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ၌ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားချက်ရှိနေပြီး အကယ်၍ ဝရမ်းထုတ်ပြန်ခဲ့ပါက ICC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ နယ်မြေအတွင်း မင်းအောင်လှိုင် ရောက်ရှိလာပါက ဖမ်းဆီးရန် တာဝန်ရှိကြောင်း AI က အလေးအနက် ပြောကြားထားသည်။ ၎င်းအပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ကို ICC သို့ လွှဲပြောင်းပေးရန် တိုက်တွန်းထားသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီး သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်သီးခေါင်းဆောင်များကို ဖမ်းဆီးခဲ့သူဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အရပ်သား ၇,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။ ထို့ပြင် ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင်လည်း မင်းအောင်လှိုင်၌ တိုက်ရိုက်တာဝန်ရှိကြောင်း AI က ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် အထောက်အထားများနှင့်တကွ ဖော်ပြခဲ့ဖူးသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင်လည်း ICC အစိုးရရှေ့နေများက ရိုဟင်ဂျာများကို နှင်ထုတ်မှုနှင့် ညှဉ်းပန်း နှိပ်စက်မှုများအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် တရားရုံးသို့ လျှောက်ထား ခဲ့ကြောင်း သိရသည်။ Post navigation ONE Friday Fights တွင် အောက်ချင်းလေး အမှတ်ဖြင့် အနိုင်ရသော်လည်း သန့်စင် ပထမအချီတွင်ပင် ရှုံးနိမ့်ခဲ့ရ ဂျော့ရှုအာဗန် UFC 327 ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှ နုတ်ထွက်