PSM (News)

စက်တင်ဘာ ၅၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မြောက်ပိုင်းရှိ တောင်လည်ကြီးနှင့် မန်ကျည်းအုပ် ကျေးရွာများသို့ ယနေ့ စက်တင်ဘာ ၅ ရက် ညနေပိုင်းတွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ပျံသန်းတက်လာသော အာဏာလု စစ်အုပ်စု၏ ဂျိုင်ရိုကော်ပတာ နှစ် စီးဖြင့် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာများအတွင်းရှိ သာသနိက အဆောက်အအုံ နှင့် ကျေးရွာခန်းမ တို့ ထိမှန်ပျက်စီးခဲ့ရသည်။

“ညနေပိုင်းကြီး ဘာတိုက်ပွဲမှ မရှိဘဲ နမခ ဘက်က တက်လာတဲ့ ဂျိုင်ရိုကော်ပတာနှစ်စီးက ရွာဘက်ကို ဦးတည်ပြီး ဗုံးကြဲသွားတာ။ သာသနာ့အဆောက်အအုံတစ်ခုနဲ့ ရွာခန်းမတော့ ထိမှန်ပျက်စီးသွားတယ်။ ကံကောင်းတာက ပြည်သူတွေ အထိအခိုက် မရှိခဲ့တာပဲ” ဟု ဒေသခံတစ်ဦးက PSM ပြောသည်။

စစ်တပ်သည် ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို မြေပြင်စစ်ကြောင်းထိုးခြင်း မရှိသည့် အချိန်များတွင်ပင် ဂျိုင်ရိုကော်ပတာများနှင့် လေကြောင်းသုံး၍ ကင်းထောက်ခြင်း၊ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ခြင်းများကို မကြာ ခဏ ပြုလုပ်လေ့ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြု နေထိုင်ကြရန် တော်လှန်ရေး အဖွဲ့အစည်းများက နှိုးဆော်ထားသည်။

ပုံစာ-စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သာသနိက အဆောက်အအုံ နှင့် ကျေးရွာခန်းမ တို့ ထိမှန်ပျက်စီးမှုမြင်ကွင်း။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *