Screenshot

PS(News)

ဧပြီ ၄၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္ပဏီအားကစားကွင်း၌ ယမန်နေ့ ဧပြီ ၃ ရက်နေ့က ကျင်းပခဲ့သည့် ONE Friday Fights 149 ပြိုင်ပွဲတွင် မြန်မာဖိုက်တာများဖြစ်ကြသည့် အောက်ချင်းလေးနှင့် သန့်စင်တို့ ပါဝင်ယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး အနိုင်အရှုံး ရလဒ်များ တစ်လှည့်စီ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာဖိုက်တာ သန့်စင်သည် ထိုင်းလူငယ်ကြယ်ပွင့် ဂျာရတ်ချိုင်းနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ပွဲစတင် သည့် ပထမအချီအတွင်းမှာပင် ပြိုင်ဘက်၏ ပြင်းထန်သည့် ခေါင်းကန်ချက်ကို ခံလိုက်ရကာ လဲကျသွားခဲ့သည့်အတွက် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

အခြားမြန်မာဖိုက်တာတစ်ဦးဖြစ်သူ ချင်းဖိုက်တာ အောက်ချင်းလေး (ခ) ဟာလိန်းအွမ်သည် ထိုင်းနာမည် ကြီးဖိုက်တာ ခွန်ဆုနှင့် ယှဉ်ပြိုင်ခဲ့ရာတွင် ခွန်ဆု၏ တိုက်စစ်ဆင်မှုများကို ဟန်ချက်ညီညီ ထိန်းညှိကစား နိုင်ခဲ့သည်။ ပွဲစဉ်တစ်လျှောက်လုံးတွင် အောက်ချင်းလေး၏ လက်သီးချက်များမှာ ပိုမိုတိကျကာ ထင်သာမြင်သာရှိလှသဖြင့် အချီပြည့်ချိန်တွင် ဒိုင် ၃ ဦးစလုံးက အောက်ချင်းလေးကို တညီတညွတ် တည်း အမှတ်ဖြင့် အနိုင်ပေးခဲ့သည်။

အလားတူ ယမန်နေ့ကပင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် မွေထိုင်းပြိုင်ပွဲတွင်လည်း မြန်မာ သိုင်းပေါင်းစုံကစားသမား ကယန်းလက်ဝှေ့မယ် အန်တိုနီယာသည် ထိုင်းဖိုက်တာကို အလဲထိုးဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

By Htet Ko

You missed