PSM(News) ဧပြီ ၃၊ ၂၀၂၆ မကွေးတိုင်း၊ ချောက်မြို့နယ် ကျေးရွာများသို့ တက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကော်မရှင် စစ်ကြောင်းအား တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ငါး ဦးထက်မနည်းသေဆုံးသွားကြောင်း မကွေးခရိုင် အမှတ်(၃) တပ်ရင်းက ထုတ်ပြန်သည်။ အဆိုပါ စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လ ၃၁ ရက်တွင် ချောက်မြို့နယ်ရှိ ဆင်ကရွာ၊ ကြေးနီရွာ၊ သွေးနက်ရွာနှင့် မန္တလေးတိုင်း ညောင်ဦးမြို့နယ်ရှိ ဗိုလ်ကုန်းရွာများသို့ စစ်ကြောင်းထိုး စီးနင်းဝင်ရောက်ခဲ့သည်။ ထိုသို့ ဝင်ရောက်လာစဉ်အတွင်း ဆင်ကရွာ၊ သွေးနက်ရွာနှင့် ဗိုလ်ကုန်းရွာတို့ရှိ ပြည်သူ့နေအိမ် ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် အဆိုပါစစ်ကြောင်းကို မတ်လ ၃၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ကြေးနီရွာအနီး၌ တစ်ကြိမ်၊ မွန်းလွဲ ၃ နာရီတွင် ဗိုလ်ကုန်းရွာအနီး၌ တစ်ကြိမ်စီ အနီးကပ် တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်ဘက်မှ ငါး ဦးထက်မနည်း သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ဆင်ရေးကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင် အမှတ် (၃) တပ်ရင်း (CRA) နှင့် မကွေးခရိုင် အမှတ် (၁) တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၃)တပ်ရင်း ( CRA ) ၊ မကွေးခရိုင် အမှတ်(၁)တပ်ရင်း၊ များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော် တစ်ဦးလည်း မစိုးရိမ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မကွေးခရိုင်စစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များသည် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ အာဏာရှင်အမြစ်ဖြတ်ရေး တိုက်ပွဲများကို အရှိန်မြှင့် ဖော်ဆောင်လျက်ရှိကြောင်း မကွေးခရိုင် အမှတ် (၃) တပ်ရင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ဓာတ်ပုံ-ကွေးခရိုင် အမှတ် (၃) တပ်ရင်း Post navigation ယနေ့ည ONE Friday Fights 149 ပွဲစဉ်တွင် မြန်မာ့ဖိုက်တာ သန့်စင်နှင့် အောက်ချင်းလေးတို့က ထိုင်းဖိုက်တာများနှင့် ယှဉ်ပြိုင်ထိုးသတ်မည် ONE Friday Fights တွင် အောက်ချင်းလေး အမှတ်ဖြင့် အနိုင်ရသော်လည်း သန့်စင် ပထမအချီတွင်ပင် ရှုံးနိမ့်ခဲ့ရ