PSM(News)

ဧပြီ ၃၊ ၂၀၂၆

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၃ ရက်တွင် ကျင်းပ သည့် အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော လွှတ်တော်အတုတွင် မဲခွဲဆုံးဖြတ်ရာ၌ မဲအပြတ် အသတ်ဖြင့် သမ္မတ ရာထူးကို ရယူလိုက်ပြီ ဖြစ်သည်။

စစ်အုပ်စု၏ လက်ဝေခံမီဒီယာများ၏ ထုတ်ပြန်ချက်အရ မင်းအောင်လှိုင်သည် ၄၂၉ မဲ ရရှိကာ သမ္မတအဖြစ်လည်းကောင်း၊ ၎င်း၏လူယုံတော် ဦးညိုစောက ၁၂၆ မဲဖြင့် ဒုသမ္မတ (၁) နှင့် လက်ဝေခံ ကြံ့ခိုင်ရေးပါတီမှ ဒေါ်နန်းနီနီအေးက ၂၉ မဲဖြင့် ဒုသမ္မတ (၂) အဖြစ် အသီးသီး နေရာယူခဲ့ ကြခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်က သမ္မတ ရာထူးကို ရယူခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီ အာသိမ်းချိန်မှစ၍ ၂၀၂၆ ဧပြီ ၂ ရက်နေ့အထိ ၅ နှစ်တာအတွင်း ကလေးငယ် ၁,၀၅၃ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၁၂,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး သေဆုံးသူ ၇,၉၆၂ ကို မှတ်တမ်းတင်ထားနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော စစ်ကော်မရှင်ကို တရားမဝင်သောအဖွဲ့အစည်း အဖြစ်သာ သတ်မှတ်ထားဆဲဖြစ်ပြီး ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲနှင့် ယနေ့ပြုလုပ်သည့် ဟန်ပြသမ္မတတင်မြှောက်မှု လုပ်ငန်းစဉ်ကိုလည်း လုံးဝ အသိအမှတ် ပြုခြင်းမရှိကြောင်း ထုတ်ဖော်ထားသည်။

By Htet Ko