PSM (News)

ဩဂုတ် ၂၈၊၂၀၂၆

အမေရိကန်နိုင်ငံ၏တရုတ်နိုင်ငံအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုမှုများသည် လုံးဝအခြေအမြစ်မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ်လ ၂၇ ရက် တွင် တရားဝင် ငြင်းပယ်လိုက်သည်။

တရုတ် ဗဟိုရုပ်မြင်သံကြားဌာန (CCTV) ၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါ စွပ်စွဲချက်များသည် နိုင်ငံတကာ မိသားစုအတွင်း အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ဖေါ်ပြထားသည်။

လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆိုက်ဘာလုံခြုံရေးကို အလေးထားဆောင်ရွက်နေပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေမည့် မည်သည့်လုပ်ရပ်ကိုမျှ လုပ်ဆောင်ခြင်း မရှိကြောင်း တရုတ်အစိုးရဘက်က အခိုင်အမာ တုံ့ပြန်ပြောကြားထားသည်။

ကိုးကား-CCTV

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *