PSM (News) ဩဂုတ် ၂၈၊၂၀၂၆ နီပေါနှင့် တိဘက်နယ်စပ်ဒေသတွင် ရေခဲတောင်ပြိုကျမှုကြောင့် ဆိုးရွားပြင်းထန်သည့် ရုတ်တရက် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ လူပေါင်း ၃၆၀ ကျော် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန၏ ထုတ်ပြန်ချက်အရ ဟိမဝန္တာတောင်တန်းဒေသရှိ ရေခဲတောင်ပြိုကျမှုကြောင့် ယခုကဲ့သို့ ကပ်ဘေးဆိုက်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ ရွှံ့ရေလှိုင်းလုံးကြီးများ ကျရောက်လာမှုကြောင့် နေအိမ်များနှင့် ယာဉ်ယန္တရားများ ရေနစ်မြုပ်ပျက်စီးခဲ့ရသည်။ လက်ရှိတွင် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၅,၀၀၀ ကျော်နှင့်အတူ အနံ့ခံခွေးများကို အသုံးပြုကာ အသက်ရှင်ကျန်ရစ်သူများကို အပြင်းအထန် ရှာဖွေကယ်ဆယ်လျက်ရှိသည်။ သို့သော်လည်း ပျောက်ဆုံးနေသူ လူပေါင်း ၁,၃၀၀ ကျော်အထိ ရှိနေဆဲဖြစ်ပြီး၊ ၎င်းတို့ထဲတွင် အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံသား ၉ ဦး အပါအဝင် နိုင်ငံတကာ ခရီးသွားများနှင့် ဘုရားဖူးများစွာ ပါဝင်နေကြောင်း နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က အတည်ပြုထုတ်ပြန်ထားသည်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) ကလည်း သက်ဆိုင်ရာဒေသများသို့ အကျပ်အတည်း တုံ့ပြန်ရေးအဖွဲ့ (Crisis Response Team) ကို စေလွှတ်ပေးထားပြီး ကူညီဆောင်ရွက်လျက်ရှိသည်။ သို့သော် မြစ်ကြောင်းအထက်ပိုင်းတွင် ရေပိတ်ဆို့မှုများ ဆက်လက်တည်ရှိနေသေးသည့်အတွက် ဒုတိယအကြိမ် ရေကြီးမည့်အန္တရာယ် ရှိနေဆဲဖြစ်ကြောင်း ကျွမ်းကျင်သူများနှင့် အာဏာပိုင်များက သတိပေးထားသည်။ ကိုးကား-CNA Post navigation အစိုးရနှင့် လွှတ်တော်ဆိုင်ရာ ဆက်ဆံရေးများ ပိုမိုခိုင်မာလာစေရန် ဩစတြေးလျနှင့် ထိုင်းနိုင်ငံတို့ ဆွေးနွေး အမေရိကန်၏ ဆိုက်ဘာတိုက်ခိုက်မှု စွပ်စွဲချက်များအပေါ် တရုတ်နိုင်ငံ ငြင်းပယ်