PSM (News) ဩဂုတ် ၂၈၊၂၀၂၆ ဩစတြေးလျနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ မီလ်တန် ဒစ်သည် ထိုင်းနိုင်ငံနှင့် လွှတ်တော်ဆိုင်ရာ ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် ရည်ရွယ်သည့် အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ယခုသီတင်းပတ်အတွင်း ဘန်ကောက်မြို့သို့ သွားရောက်ခဲ့ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည့် ဩစတြေးလျသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။၎င်းသည် ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် တရားဝင်လာရောက်သည့် ဩစတြေးလျလွှတ်တော် ဥက္ကဋ္ဌတစ်ဦး ဖြစ်လာခဲ့သည်။ မီလ်တန် ဒစ် သည် ဝန်ကြီးချုပ် အာနုတင် ချန်ဗီရာကူး ၊ လွှတ်တော်ဥက္ကဋ္ဌ ဆိုဖွန် ဇာရမ် ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ မောင်ခိုလ် ဆူရာဆာဂျာ၊ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဩစတြေးလျနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံကို အရေးပါသော ဒေသတွင်း မိတ်ဖက်နိုင်ငံနှင့် ရေရှည်မိတ်ဆွေတစ်ဦးအဖြစ် တန်ဖိုးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွင် လွှတ်တော်ချင်း ဖလှယ်ရေးလုပ်ငန်းစဉ်များသည် အရေးပါသော မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း ဩစတြေးလျသံအမတ်ကြီး ပက်ဘ်လို ကန် က ပြောကြားခဲ့ပြီး နှစ်နိုင်ငံစလုံးသည် အင်တာပါလီမန်ယူနီယံ (IPU) ၏ အဖွဲ့ဝင်များ ဖြစ်ကြကာ ယခုနှစ်တွင် ဩစတြေးလျနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် (၇၀) နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ရောက်ရှိပြီဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ ကိုးကား-Khaosod Post navigation ရုရှား၏ ဂျက်စွမ်းအင်သုံး ဒရုန်းအသစ်များ ပိုမိုမြန်ဆန်လာပြီး တိုက်ခိုက်နိုင်သည့် အကွာအဝေး ပိုမိုကျယ်ပြန့်လာ နီပေါ-တိဘက်နယ်စပ် ရုတ်တရက် ရေကြီးမြေပြိုမှုကြောင့် လူ ၃၆၀ ကျော် သေဆုံးပြီး ၁,၃၀၀ ကျော် ပျောက်ဆုံးနေ