PSM (News) စက်တင်ဘာ ၁၁ ၊ ၂၀၂၆ အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲနှင့် ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် စစ်ပွဲစတင်ခဲ့ခြင်းအပေါ် မည်သည့်အခါမျှ နောင်တမရကြောင်း Fox News သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ အီရန်နိုင်ငံ၏ ကျောထောက်နောက်ခံပြုထားသော ဟူသီသူပုန်များက ယီမင်နိုင်ငံ၏ အဓိကကျသော ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့် မိုခါကို သိမ်းပိုက်လိုက်ခြင်းကြောင့် ရေနံစိမ်းဈေးနှုန်းများသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၈ အထိ မြင့်တက်လာခဲ့ပြီး နိုဝင်ဘာလတွင် ကျင်းပမည့် အလယ်ပိုင်း ရွေးကောက်ပွဲများကို ထိခိုက်လာနိုင်မည်ကို သမ္မတထရမ့်က စိုးရိမ်နေကြသည်။ သို့သော်လည်း ၎င်းအနေဖြင့် ‘နောင်တ’ ဟူသော စကားလုံးကို မယုံကြည်ကြောင်းနှင့် အချိန်နာရီများကို နောက်ကြောင်းပြန်လှည့်ခွင့်ရှိခဲ့လျှင်လည်း အလားတူပင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ ကိုးကား- The Independent Post navigation ရုရှားစစ်တပ်အတွင်း လိမ်လည်မှုကြောင့် ပူတင်၏ ယူကရိန်းစစ်ပွဲအမြင် လွဲမှားနေ မြောက်ကိုရီးယားတွင် ပျော်ရွှင်မှုနှင့် စားသုံးမှုယဉ်ကျေးမှုများ တိုးပွားလာ