PSM (News) ဩဂုတ် ၂၄၊၂၀၂၆ အမေရိကန်နိုင်ငံ၊ မြောက်ပိုင်းနေဗားဒါးပြည်နယ်၊ ရီနိုမြို့အနီး တောင်စောင်းတစ်ခွင်တွင် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းနေသော တောမီးကြောင့် စနေနေ့ ညနေပိုင်းအထိ လောင်ကျွမ်းသည့်ဧရိယာသည် ဧက ၁၀,၅၀၀ ကျော်အထိ ကျယ်ပြန့်လာခဲ့သည်။ “ဟော့ခ်တောမီး” (Hawk fire) သည် ဧက ၁၀,၅၂၃ အထိ ကျယ်ပြန့်လာကြောင်း Perimeter Map အရသိရသည်။ ရီနိုမြို့ ရဲတပ်ဖွဲ့က ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးဆိုင်ရာ အချက်အလက်များအတွက် Perimeter Map ကို ကိုးကားကြည့်ရှုကြရန် မေတ္တာရပ်ခံထားသည်။ နေဗားဒါးပြည်နယ် အုပ်ချုပ်ရေးမှူး ဂျိုး လွန်ဘာဒိုသည် ဒေသတွင်း၌ ဖြစ်ပွားနေသော ကြီးမားသည့် တောမီးလောင်ကျွမ်းမှုအန္တရာယ်ကို ထိန်းချုပ်ရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံးနှင့် အပြည့်အဝ ဆောင်ရွက်နိုင်ရန်အတွက် ဝါရှိုးခရိုင်တွင် အရေးပေါ်အခြေအနေ တရားဝင် ကြေညာခဲ့သည်။ ဝါရှိုးခရိုင်ရှိ Truckee Meadows မီးသတ်နှင့် ကယ်ဆယ်ရေးဌာန၏ အကြီးအကဲ ရစ်ချတ် အက်ဒ်ဝပ် က ဆိုရှယ်မီဒီယာတွင် တင်ထားသည့် ဗီဒီယိုဖိုင်၌ “ဟော့ခ်တောမီးဟာ လေပြင်းတိုက်ခတ်မှုတွေကြောင့် ကျွန်တော်တို့အတွက် အလွန်တရာ အပြောင်းအလဲမြန်ပြီး ရှုပ်ထွေးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်နေပါတယ်” ဟု ပြောကြားခဲ့သည်။ ကိုးကား- Reuters Post navigation ဥရောပသမဂ္ဂက ဆားဘီးယားနိုင်ငံ၏ တောမီးများကို ငြှိမ်းသတ်ရန် ရဟတ်ယာဉ်များနှင့် မီးသတ်သမားများ စေလွှတ် ယူကရိန်း၏ မောင်းသူမဲ့လေယာဉ်တပ်ဖွဲ့များက ခြောက်ရက်အတွင်း သိမ်းပိုက်ခံ ခရိုင်းမီးယားနှင့် တောင်ပိုင်းဒေသများရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံ ၂၇ ခုကို တိုက်ခိုက်ခဲ့